မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 03/06/2024 - 09:50 -- bordertrade

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှမတ်လ(၂)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့် (၁) တန်လျှင် (၉၀၃) ဒေါ်လာနှုန်းဖြင့်(၃၉၀) တန် ၊ တန်ဖိုး (၀.၃၅၂) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၂၄) ဒေါ်လာ နှုန်းဖြင့် (၂၇)တန်၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ(၁)တန်လျှင် (၁၃၇၃) ဒေါ်လာနှုန်းဖြင့်(၁၃၀၈) တန်၊ တန်ဖိုး (၁.၇၉၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာ ခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့်လျှောက်ထားရယူ၍ မလေးရှား နိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီးစုစုပေါင်းပို့ကုန် တန်ဖိုး (၂.၁၉၇) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၂)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ (၁)တန်လျှင် (၈၄၁) ဒေါ်လာနှုန်းဖြင့်(၁၀၀၀) တန် ၊ တန်ဖိုး (၀.၈၄၁) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၄၀၂.၂၉၁)တန် (၇၃၅၃၉.၄၄)M2 (၅၉၆၁)U ၊ တန်ဖိုး (၀.၅၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၅.၂၂၅)တန်၊ (၃၂၀၀)U တန်ဖိုး (၀.၁၂၄) ဒေါ်လာသန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုး (၁.၄၈၅) ဒေါ်လာသန်းအားတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ် ငွေလဲနှုန်း မှာ (၁) ဘတ်လျှင် (၉၉.၇) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Border Trade News

Pages