မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 06/05/2024 - 10:34 -- DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်နေ့မှ ဇွန် (၂) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၈၂၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၈၁၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၅၆၄၆) သန်း ကုန်သွယ်မှု ဆောင် ရွက်နိုင်ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မေလ(၂၉) ရက်နေ့ မှ ဇွန်လ (၂) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့်  ကြက်သွန်နီ (၁၃၈.၈) တန်ဖိုး (၀.၀၆၄၄) ဒေါ်လာသန်း၊ ငရုတ်သီး (၄၆.၄၂၂) တန်၊ တန်ဖိုး (၀.၀၂၉၆) ဒေါ်လာသန်း၊ ငှက်ပျောသီး (၂၅) တန်၊ တန်ဖိုး (၀.၀၀၇၅၊ ဒေါ်လာသန်း၊ ရေ ထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၂၆.၆၄၀) တန်၊ တန်ဖိုး (၀.၃၇၈၅) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၁၅၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၂၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၃၅) တန်၊ တန်ဖိုး (၀.၀၀၉၀) ဒေါ်လာသန်း ၊ ကြွေပြား (၂၄၀၀) M2  တန်ဖိုး (၀.၀၀၅၆) ဒေါ်လာသန်း၊ ဖိနပ် (၁၄၄၀၀) U  တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ A4 Paper (၂၇.၃၃) တန်၊ တန်ဖိုး (၀.၀၂၂၁) ဒေါ်လာ သန်း၊ အမွှေးဆီ (၃၇.၉၀၈)တန်၊ တန်ဖိုး (၀.၀၄၃၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်        ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ(၉၉၃.၈၄၆)ဒေါ်လာနှုန်း၊ ပုစွန်(၁၃၅၃၃.၉၅၃)ဒေါ်လာနှုန်း၊ ကဏန်း (၃၀၄၀.၄၂၃) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၈၈.၂၇၈) ဒေါ်လာနှုန်း၊  ကြက်သွန်နီ (၄၆၃.၉၈) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၃၈) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၂၅၇) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ A4 Paper (၈၀၈.၆၄) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၄၈.၈၈) ဒေါ်လာနှုန်း  ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂-၆-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၇၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၁၄.၉၄) ကျပ်ခန့်ရှိပါကြောင်း နှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Border Trade News

Pages