မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 05/27/2024 - 03:29 -- bordertrade

              မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ(၁၉) ရက်နေ့မှ (၂၁)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၅၈) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၈၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၈၃၉) သန်း ကုန်သွယ်မှု ဆောင် ရွက်နိုင်ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မေလ (၁၉) ရက်နေ့ မှ (၂၁) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ငရုတ်သီး (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၀၄၅) ဒေါ်လာသန်း၊ ရေထွက်ကုန် ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၄၇.၁၄၀) တန်၊ တန်ဖိုး (၀.၀၇၁၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် ကြွေပြား (၂၁၈၇) M2၊ တန်ဖိုး (၀.၀၀၅၀) ဒေါ်လာသန်း၊ သစ်သီး (၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၃၁) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်        ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၈၂၀.၈၃၈) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၉၅၀.၈၅၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၄၀.၆၅၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၉၀.၁၅၀) ဒေါ်လာနှုန်း၊ ငရုတ်သီး (၃၂၁.၄၂၈) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - ကြွေပြား (၂.၃) ဒေါ်လာနှုန်း၊ သစ်သီး (၃၁၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages