တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 03/06/2024 - 09:42 -- bordertrade

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၄-၂-၂၀၂၄ မှ ၁-၃-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၂,၅၆၀.၆၅၄) တန်၊ တန်ဖိုး (၂.၈၉၂) ဒေါ်လာသန်း၊ ကြက်သွန်နီ (၅၀.၂၅၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၇၁.၆၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ ထောပတ်သီး (၁၁၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၆၂)ဒေါ်လာသန်း၊ Ko Bark (၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ တံမြက်စည်း (၆၀.၃၀၀)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၂၀၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၄၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၈) အပါအဝင် ပို့ကုန်တန်ဖိုး (၃.၁၀၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၈၉.၂၈၆) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၄-၂-၂၀၂၄ မှ ၁-၃-၂၀၂၄) တွင် ဓာတ်ဆီ (၁၇၉၄) BBL ၊ တန်ဖိုး (၀.၁၉၁) ဒေါ်လာသန်း၊ ဒီဇယ် (၂၆၂) BBL ၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၁၀) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၁၈၄) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်း (၀.၀၀၅) ဒေါ်လာသန်း၊ Solar Pannel (၀.၀၃၆) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၅၂၇) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း များ (၀.၀၈၂) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၀၈) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၃) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၁၉) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၆) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၈၁) အပါအဝင် သွင်းကုန် တန်ဖိုး (၁.၄၂၈) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages