ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Thu, 02/29/2024 - 05:09 -- DotBorderdep

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOBစနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်း များမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

           ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ၂၆ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၃၄၄.၁၂၇)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၀၁၁)သန်းနှင့် သွင်းကုန်တန်ချိန် (၅၉.၅၇၁)တန်၊ (၁၀၀)U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၂)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၀၈၃) သန်း ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၀.၅၀၀)သန်း ဖြစ်ပြီး (၂၆-၂-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၇.၆၅၀) ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့သဖြင့် လျာထားချက်အပေါ် (၁၃၄ .၈၇၈ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အထိ ရေထွက်ပစ္စည်းအုပ်စုတွင် ၁၂၄၄.၁၂၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁.၀၀၂ သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် ၁၀၀.၀၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၀.၀၀၉ သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခု တစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်        အမည်        အရေအတွက်      ဈေးနှုန်း

(၁)     ဘောင်းကြေး  ၁ ကီလိုဂရမ်   ၀.၉၀၀ ဒေါ်လာ

(၂)     ပလာတူးခက်  ၁ ကီလိုဂရမ်   ၀.၈၁၀ ဒေါ်လာ

(၃)     ခွေးလျှာ        ၁ ကီလိုဂရမ်   ၀.၇၈၄ ဒေါ်လာ

(၄)     တာတို (100-200 gm)          ၁ ကီလိုဂရမ်   ၀.၉၀၀ ဒေါ်လာ

(၅)     တာဝမ် (100-200 gm)         ၁ ကီလိုဂရမ်   ၀.၇၉၀ ဒေါ်လာ

(၆)     စက်ဟောက် (200-300 gm)၁ ကီလိုဂရမ်     ၁.၈၄၂ ဒေါ်လာ

(၇)     ငါးနီငယ်        ၁ ကီလိုဂရမ်   ၁.၀၅၀ ဒေါ်လာ

(၈)     ငါးဇင်းပြား     ၁ ကီလိုဂရမ်   ၀.၇၁၀ ဒေါ်လာ

(၉)     ကင်းမွန်လိပ် (200-300 gm) ၁ ကီလိုဂရမ်              ၃.၈၆၆ ဒေါ်လာ

(၁၀)   ပါကင် ၁ ကီလိုဂရမ်   ၀.၄၅၀ ဒေါ်လာ

Border Trade News

Pages