ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှုအခြေအနေ

Tue, 01/10/2023 - 08:05 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ပို့ကုန် တန်ချိန် (၂၄၂၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၃.၉၃၇)သန်း၊ သွင်းကုန်တန်ချိန် (၂၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၄)သန်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅၁ သန်း ဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန် ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်ဖြစ်ပြီး၊ သီဟိုဠ်စေ့၊ ဆီအုန်း အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန် ပစ္စည်းများမှာ လေသန့်ဆေးရည်၊ ဖော်မလင်၊ ဆိုးဆေးရည်၊ ကော်ပိုက်လုံး ဖြစ်ကြောင်း သိရှိရသည်။

Border Trade News

Pages