အကောက်ခွန်ကုန်လှောင်ရုံအတွင်း သိုလှောင်ခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စု စာရင်းထုတ်ပြန် ကြောင်း သတင်းရရှိ

Thu, 05/30/2024 - 05:41 -- mocadmin

၁။   အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းသိုလှောင်ခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စု စာရင်းကို ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၂ / ၂၀၂၄) ဖြင့် ထုတ်ပြန် ထားပါသည်။

၂။   ကျန်းမာရေးကဏ္ဍတွင် ဆေးဝါးအလုံအလောက်ရရှိစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏ လျှပ်စစ်သုံးယာဉ် တိုးတက်အသုံးပြုမှုကို အထောက်အကူပြုနိုင်စေရေးအတွက်လည်းကောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်မှုကို အချိန်တိုအတွင်း ထုတ်ယူအသုံးပြုနိုင်စေရေး တို့အတွက် လည်းကောင်း ရည်ရွယ်၍ ဆေးဝါး၊ လျှပ်စစ် သုံးယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ စက်မှုလုပ်ငန်းသုံးဓာတုကုန်ကြမ်း ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား  အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းခွင့်ပြု သွားမည် ဖြစ်ပါသည်။

၃။   အဆိုပါ ကုန်ပစ္စည်းများကို အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းခွင့်ပြုခြင်းအားဖြင့် ပြည်တွင်းအငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ရန် အထောက်အကူ ရရှိနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages