မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလုပ်ငန်း ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာ စနစ် စတင်မည်

Tue, 06/25/2024 - 09:47 -- dotadmin

ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်တော့မည် ဖြစ်ပါသည်။ GOLD SHIPPING AGENCY SERVICES LIMITED မှ သင်္ဘောဖြစ်သည့် MV. Beypore Sultan သည် မြန်မာပို့ကုန် ပြောင်းဆံများသယ်ဆောင်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ ၂၈--၂၀၂၄ ရက်နေ့တွင် ထွက်ခွာရန် စီစဉ်ထားရှိပါသည်။ အပြန်တွင် ရနောင်းဆိပ်ကမ်းမှ သွင်းကုန်ပစ္စည်းများ သယ်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းအသစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်းနှင့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၁/၂၀၂၄ ပါ စံပြုလုပ်ငန်းစဉ်များကို လေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

နောက်ဆုံးရသတင်းများ

Pages