လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Fri, 06/21/2024 - 04:24 -- mocadmin

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာ‌သော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co.,Ltd  မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW VOLKSWAGEN ID-4 နှင့် LIVAN MAPLE 60S  အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Earth Renewable Energy Co.,Ltd မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် WULING BINGO အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ နှင့် Grand Sirius Co.,Ltd မှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် NETA AYA အမျိုးအစား လျှပ်စစ်သုံး မော်တော် ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၀-၆-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages