၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ လိုင်စင်မရှိဘဲ ဝင်ရောက်နေသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းတိုနှိုးဆော်စာ

Fri, 06/21/2024 - 02:44 -- mocadmin

၁။      ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်း ကုန်ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း  ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိ သေးသည့် ကုန်ပစ္စည်းများကို ကြိုတင် တင်သွင်းဆောင်ရွက်လျက်ရှိပါသည်။

၂။       သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာ စေ ရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် ထပ်မံနှိုးဆော်အသိပေးကြေညာအပ်ပါသည်။

 

                                          

ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန

နောက်ဆုံးရသတင်းများ

Pages