ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

Fri, 05/28/2021 - 03:54 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၅-၂၀၂၁) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ ညီလာခံခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ သင်တန်းသားများအား ဆုချီးမြှင့်ခဲ့ပါသည်။ ဒုတိယဝန်ကြီး ဦးညွန့်အောင်မှ သင်တန်းသား (၃၀)ဦးအတွက် သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား ကိုယ်စားလှယ်(၁)ဦး ထံသို့ ပေးအပ်ခဲ့ပါသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

                                                                                      ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

နောက်ဆုံးရသတင်းများ

Pages