၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) သည် ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်များမှတ်ပုံတင်ခြင်းနှင့် လိုင်စင်/ပါမစ်ထုတ်ပေးရေးဆိုင်ရာဝန်ဆောင်မှုကိစ္စအဝဝအတွက် လျှောက်ထားထုတ်ယူနိုင်သည့် စနစ်ကိုစတင်အသုံးပြုခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ Myanmartradenet Website မှတဆင့် Fully Online Licensing System စနစ်အား Auto License ကုန်ပစ္စည်းအမယ်များမှ ကုန်ပစ္စည်းအမယ် (၄၃) မျိုးဖြင့် စတင်အသုံးပြုနိုင်ခဲ့ပြီးယခုအခါတွင် ပို့ကုန် HS လိုင်း (၈၈) လိုင်း၊ သွင်းကုန် (၂၀၆၄) လိုင်းအား Online ပေါ်မှ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် MOC သည် လက်ရှိလိုင်စင်စနစ်ကိုနောက်ဆုံးပေါ်ခေတ်မီနည်းပညာနှင့်အညီမြန်ဆန်လွယ်ကူစွာဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် အွန်လိုင်းလိုင်စင် (Online License) စနစ်သို့ ပြောင်းလဲမြှင့်တင်ရန် ပြင်ဆင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးနိုင်ရန် အဆင့်မြှင့်တင်ထားသောစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကုန်သွယ်ခွင့်များကို လျှောက်ထားရာတွင် အထောက်အကူဖြစ်စေနိုင်ရန်၊ ဒေသတွင်းကုန်သွယ်မှုကို လျှင်မြန်လွယ်ကူချောမွေ့လာစေရန်၊ e-Government နှင့် အစိုးရမူဝါဒပိုင်းဆိုင်ရာပိုမိုပွင့်လင်းမြင်သာစေရန်နှင့် နည်းပညာဆိုင်ရာစီးပွားရေးနှင့် e-Commerce စနစ်များအရှိန်မြှင့်တင်နိုင်ရန်တို့အတွက် ဖြစ်ပါသည်။
ထို့အပြင် ယခုလို အဆင့်မြှင့်တင်ခြင်းအားဖြင့် နည်းပညာ (digital) ပတ်ဝန်းကျင် ဖြစ်တည်လာမှုကို အထောက်အကူဖြစ်စေခြင်း နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်စေနိုင်ခြင်း၊ တင်ပို့ / တင်သွင်းသူကုန်သည်များအတွက် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန် မြန်ဆန်သက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်သည်။
ယခုလက်ရှိတွင် ကုန်သည်များအနေဖြင့် ပို့ကုန်/ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet2.0 အွန်လိုင်းစနစ်မှတဆင့် ပြုလုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် TradeNet2.0 အွန်လိုင်းစနစ်တွင် အောက်ပါလျှောက်လွှာများကို လျှောက်ထားနိုင်ပြီး ဖြစ်ပါသည်။
၁။ ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသကဟုခေါ်သည်)
၂။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်၊
၃။ လက်လီ / လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
၄။ အဖျော်ယမကာတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်၊
၅။ အကောက်ခွန်လွတ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်၊
၆။ စီးပွားရေးအကျိုးဆောင်၊ မှတ်ပုံတင်လက်မှတ်၊
၇။ Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်သစ်များ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၈။ Show Room ဖွင့်လှစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၉။ Sale Center ဖွင့်လှစ်၍ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၀။ Sale Centre ဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၁။ Re-Export မှတ်ပုံတင်လက်မှတ်၊
၁၂။ ပို့ကုန်လိုင်စင်၊
၁၃။ သွင်းကုန်လိုင်စင်၊
၁၄။ ပို့ကုန်ပါမစ်၊
၁၅။ သွင်းကုန်ပါမစ်။
၁။ TradeNet 2.0 စနစ် အသင်း၀◌င် လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်
Tradenet2.0 member registration user guide
၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက)လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်
Tradenet2.0 exporter importer certificate and other card user guide
၃။ ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်
Tradenet2.0 license and permit - user guide
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရာတွင် အောက်ပါ အချက် အလက်များလိုအပ်ပါသည်-
(က) ကုမ္ပဏီ၏ Phone, Fax, Email တို့ပါရှိသည့် Letter Head ပါလျှောက် လွှာ၊
(ခ ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် MyCo(Extract)၊
(ဂ) အများပိုင်ကုမ္ပဏီဖြစ်ပါကလုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်၊
(ဃ) Director List (ပုံစံရယူရန်) (အမည် ၊ရာထူး၊ လိပ်စာ၊ Colour Passport ဓါတ်ပုံနှင့်လက်မှတ်ရေးထိုးမှုပါဝင်ရမည်)၊
(င) Director များ၏ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) Passport မိတ္တူ၊
(စ) လုပ်ငန်းရည်ရွယ်ချက်(နိုင်ငံခြားကုမ္ပဏီဖြစ်ပါက သီးခြားဖော်ပြပေးရန်)၊
(ဆ) လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်/Passportမိတ္တူ၊
(ဇ) လုပ်ငန်းအလိုက်အောက်ပါလုပ်ငန်းခွင့်ပြုမိန့်များပူးတွဲတင်ပြရမည်-
(၁) MICအတည်ပြုမိန့်/ခွင့်ပြုမိန့် (မိတ္တူ)
(MIC ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက် သောကုမ္ပဏီများအတွက်)၊
(၂) SEZခွင့်ပြုမိန့်(မိတ္တူ) (သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်သော ကုမ္ပဏီများအတွက်)၊
(ဈ) ပြည်ပနိုင်ငံတစ်ခုမှ လွှဲပို့သည့် Capital BroughtIn, Bank Statement
အထောက်အထား(ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်မည့် နိုင်ငံခြား
ကုမ္ပဏီများအတွက်သာ)
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်သက်တမ်း (၅)နှစ်ခွင့်ပြုထားပါသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ဆောင်ရွက်ရာတွင် မှတ်ပုံတင် ကြေး(၂၀၀၀၀၀)ကျပ်နှင့်online ကြေး(၃၀၀၀)ကျပ်ပေးသွင်းရပါသည်။
စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် အသစ် / သက်တမ်းတိုး / ပြင်ဆင် ထားရာတွင် အောက်ပါ အချက်အလက်များ လိုအပ်ပါသည်-
(က) ကုမ္ပဏီ Letter Head ပါလျှောက်လွှာ
(ခ ) စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်စာ/စာချုပ် (မူရင်း + မိတ္တူ+ Notary +သံရုံး)။
(ဂ ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ။
(ဃ) ကုမ္ပဏီမှတ်ပုံတင် MyCO အတွဲ စာရွက်စာတမ်းများ။
(င) နိုင်ငံခြားသား Passport မိတ္တူ။ (ကိုယ်တိုင်လာရောက်သူ လုပ်ငန်းရှင် များအတွက်သာ)
(စ) နိုင်ငံခြားကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့် Director စာရင်းမိတ္တူ။
မှတ်ချက်။ မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက် နိုင်ခြင်းမရှိသော ကိစ္စရပ်များအတွက် စီးပွားရေးအကျိုးဆောင်ခန့်အပ်စာပေါ်တွင် သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏အတည်ပြုချက်(Endorsement) ပါရှိရမည်။
စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် အသစ်/ သက်တမ်းတိုး/ ပြင်ဆင် လျှောက်ထားရာတွင် အလုပ်လုပ်ရက်အတွင်း (၅)ရက် ကြာမြင့်ပါသည်။
စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လျှောက်ထားရာတွင် မှတ်ပုံတင်ကြေး / သက်တမ်းတိုးကြေး(၂၅၀၀၀၀)ကျပ် နှင့်online ကြေး(၃၀၀၀)ကျပ် ပေးသွင်း ရပါသည်။
Car Sale Center / Car Show Room / EV Show Room ခွင့်ပြုလက်မှတ် လျှောက်ထားရာတွင် အောက်ပါအချက်အလက်များလိုအပ်ပါသည်-
(က) ကုမ္ပဏီ၏ Phone, Fax, E-mail တို့ပါရှိသည့် letter Head ဖြင့် လျှောက်လွှာ။
( ခ ) စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ်။
( ဂ ) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်(မိတ္တူ)။
(ဃ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် MyCo(Extract)၊
( င ) ဘဏ်တစ်ခုခုတွင် အာမခံငွေ (Deposit) အဖြစ် မြန်မာငွေကျပ်သိန်း (၁၀၀၀)ထည့်သွင်းထားသည့် ဘဏ်စာအုပ်။
( စ ) EV Show Room အတွက် Bank Guarantee ကျပ်သိန်း(၅၀၀)။
(ဆ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ခွင့်ပြု မိန့်။
( ဇ ) သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းလိုင်စင်။
( ဈ ) ပြည်တွင်းအခွန်များဉီးစီးဌာနက ထုတ်ပေးသည့် သက်ဆိုင်ရာ စည်းကြပ် နှစ်အလိုက် အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ည) မြေပြင်စစ်ဆေးရေးအဖွဲ့၏ မြေပြင်စစ်ဆေးချက်အစီရင်ခံစာ စာအုပ်။
( ဋ ) လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ။
Car Sale Center / Car Show Room မှတ်ပုံတင်လက်မှတ် လျှောက်ထားရာ တွင် လိုအပ်သည့်အထောက်အထားများ ပြည့်စုံပါက အလုပ်လုပ်ရက်(၅)ရက် အတွင်း ဆောင်ရွက်ပေးပါသည်။
Car Sale Center / Car Show Room မှတ်ပုံတင်သက်တမ်း (၁)နှစ်ခွင့်ပြုထား ပါသည်။
Car Sale Center / Car Show Room မှတ်ပုံတင်လက်မှတ်ဆောင်ရွက်ရာတွင် မှတ်ပုံတင်ကြေး(၁၀၀,၀၀၀)ကျပ် နှင့် online ကြေး(၃၀၀၀)ကျပ် ပေးသွင်းရပါ သည်။