Car Sale Center / Car Show Room / EV Show Room ခွင့်ပြုလက်မှတ် လျှောက်ထားရာတွင် ဘာတွေလိုအပ်ပါ သလဲ?

Car Sale Center / Car Show Room / EV Show Room ခွင့်ပြုလက်မှတ် လျှောက်ထားရာတွင် အောက်ပါအချက်အလက်များလိုအပ်ပါသည်-
            (က)    ကုမ္ပဏီ၏ Phone, Fax, E-mail တို့ပါရှိသည့် letter Head ဖြင့် လျှောက်လွှာ။
            ( ခ )     စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ်။
            ( ဂ )     ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်(မိတ္တူ)။
            (ဃ)     ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် MyCo(Extract)၊
            ( င )    ဘဏ်တစ်ခုခုတွင် အာမခံငွေ (Deposit) အဖြစ် မြန်မာငွေကျပ်သိန်း (၁၀၀၀)ထည့်သွင်းထားသည့် ဘဏ်စာအုပ်။
            ( စ )    EV Show Room အတွက် Bank Guarantee ကျပ်သိန်း(၅၀၀)။    
            (ဆ)     သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ခွင့်ပြု မိန့်။
            ( ဇ )    သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းလိုင်စင်။
            ( ဈ )     ပြည်တွင်းအခွန်များဉီးစီးဌာနက ထုတ်ပေးသည့် သက်ဆိုင်ရာ စည်းကြပ် နှစ်အလိုက် အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
            (ည)      မြေပြင်စစ်ဆေးရေးအဖွဲ့၏ မြေပြင်စစ်ဆေးချက်အစီရင်ခံစာ စာအုပ်။ 
            ( ဋ )    လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ။