၁။ နိုင်ငံတကာအဆင့်မီ စီးပွားရေးအောင်မြင်မှုတွေကို တက်လှမ်းဆုပ်ကိုင်နိုင်ရန် သမားရိုးကျ စီးပွားရေးလုပ်ငန်းစဉ်တွေကနေ ယခုအခါ ဆန်းသစ်သည့်ဝန်ဆောင်မှုများကို အသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းများကို ကူးပြောင်းဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။ ထို့ကြောင့် လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နေသည့် Myanmar E-Commerce အသိုက်အဝန်းနှင့် ချိတ်ဆက်ပြီး အသွင်ကူးပြောင်းခြင်းလမ်းသစ်ကို စတင်တက်လှမ်းရန် လူကြီးမင်းတို့၏ စီးပွားရေး အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှ လုပ်းငန်းရှင်များကို Digital E-Commerce B2B Platform အား ချိတ်ဆက်နိုင်ရန် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အထူးဖိတ်ခေါ်ပါသည်။
၂။ Digital E-Commerce Platform ဟာ မြန်မာလုပ်ငန်းရှင်အချင်းချင်းသာမက ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပါ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဆန်းသစ်သည့် ဆက်ဆံရေး ဝန်ဆောင်မှုတစ်ရပ်ကို ဖော်ဆောင်ပေးမည့်လမ်းစတစ်ခု ဖြစ်ပါသည်။
၃။ Digital E-Commerce Platform က သင့်စီးပွားရေးလုပ်ငန်းကို သိသိသာသာပြောင်းလဲ သွားအောင် ထိထိရောက်ရောက် အထောက်အပံ့ဖြစ်စေမည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။
ရောင်းချလိုသူများအတွက် အခွင့်အလမ်းများ
- ထုတ်ကုန်နှင့် သင့်လုပ်ငန်း၏ ထူးခြားသည့်ဂုဏ်အင်္ဂါတွေကို နိုင်ငံတကာက သိရှိအောင် စင်တင်ပေးမည့် Platform တစ်ခုဖြစ်ပါသည်။
- သင့်ထုတ်ကုန်ကို စိတ်ဝင်စားသည့် Buyer တွေဆီက ဝယ်ယူလိုသည့် ကမ်းလှမ်း စာတွေကို Platform ကတစ်ဆင့် လက်ခံရရှိနိုင်မည် ဖြစ်ပါသည်။
- အရောင်းမြှင့်တင်ရေးအစီအစဉ်များနှင့် အရောင်းအဝယ်ကိစ္စများကို ကိုယ်တိုင်စီမံခန့်ခွဲ နိုင်ပြီး အချက်အလက်တွေကိုလည်း သိုမှီးထားနိုင်မည် ဖြစ်ပါသည်။
- ရောင်းသူနဲ့ ဝယ်ယူလိုသူများအချင်းချင်း တိုက်ရိုက် Business Chat ဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ဝယ်ယူလိုသူများအတွက် အခွင့်အလမ်းများ
- လိုအပ်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို လျှင်မြန်လွယ်ကူစွာ ရှာဖွေနိုင်မည် ဖြစ်ပါသည်။
- ကုန်ပစ္စည်းဈေးနှုန်းနှင့် ပေးချေမှုစနစ်များကို ရောင်းချလိုသူများစွာထဲက နှိုင်းယှဉ် ရွေးချယ်ဝယ်ယူနိုင်ပါမည် ဖြစ်ပါသည်။
- ရောင်းချလိုသူများထံမှ ဈေးနှုန်းလွှာတောင်းခံပြီး တိုက်ရိုက်ညှိနှိုင်းနိုင်မည် ဖြစ်ပါသည်။
- အမှာစာပေးပို့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကိုယ်တိုင်စီမံခန့်ခွဲ နိုင်မည် ဖြစ်ပါသည်။
၄။ ထို့ပြင် သင့်လုပ်ငန်း အောင်မြင်မှုသေချာစေရန်အတွက် Digital E-Commerce B2B Platform က များစွာသော ဝန်ဆောင်မှုများနှင့် အထောက်အပံ့ပေးသွားမည် ဖြစ်ပါသည်။
၅။ မြန်မာနိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲကြီးများနှင့် ကုန်သွယ်မှုသတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည် ဖြစ်ပါသည်။
၆။ သင့်လုပ်ငန်းလည်ပတ်မှုတစ်ခုလုံးအပေါ်တွင်လည်း ချင့်ချိန်သုံးသပ်နိုင်မည် ဖြစ်ပါသည်။
၇။ Digital E-Commerce Platform ကို သင်၏ လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှများအတွက် သင့်ကို အားဖြည့်ကူညီဆောင်ရွက်ပေးမည့် Virtual Trade Office အဖြစ် ကမ္ဘာတစ်ဝှမ်း အကြားအလပ် မရှိ မည်သည့်နေရာကမဆို အချိန်မရွေး အသုံးပြုနိုင်မည် ဖြစ်ပါသည်။
၈။ ကြိုတင်ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် Business Chat ကို အသုံးပြုနိုင်သလို ဈေးနှုန်းလွှာ၊ အမှာစာ စတဲ့ Documents တွေကိုပါ နှစ်ဦးနှစ်ဖက် ပေးပို့ဆောင်ရွက်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် အချိန်မရွေး အပြန်အလှန် ထိရောက်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ဝန်ဆောင်မှုများကို ဒီ Platform ပေါ်မှာ အသုံးချနိုင်မည် ဖြစ်ပါသည်။
၉။ လုပ်ငန်းဆောင်ရွက်မှုများ တိကျသေချာမှုရှိစေရန် ကုန်ပစ္စည်းအဝင်အထွက်စာရင်းတွေကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည့် Inventory Management ဝန်ဆောင်မှုကို အသုံးပြုပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်တိုင်းကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
၁၀။ သင့်ရဲ့ ကုန်သွယ်မှုလုပ်ငန်းများ ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ဈေးကွက် ရှာဖွေရေးအတွက် Digital E-Commerce B2B Platform ရဲ့ ဝန်ဆောင်မှုများကို အသုံးချခြင်းဖြင့် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်အောင် https://www.my-etrade.org/register တွင် ယခုဘဲ ဝင်ရောက် စာရင်းရေးသွင်းနိုင်ရန် ဖိတ်ခေါ်လိုက်ပါသည်။
စာရွက်စာတမ်းကို ပူးတွဲဆောင်ရွက်ရန်၊ မှတ်ပုံတင်ရာတွင် သင်ပြုလုပ်ထားသည့် အကောင့်ဖြင့် ဝင်ရောက်ရပါမည်။
အဆင့် 1- အပေါ်ဘက်ရှိ 'Attachments' tab ကိုနှိပ်ပါ။
အဆင့် 2- အပေါင်းလက္ခဏာဖြင့် ပူးတွဲပါဖိုင်ကို နှိပ်ပါ။
အဆင့် 3- ပူးတွဲပါဖိုင်အမျိုးအစားနှင့် သင့်စာရွက်စာတမ်းကို ရွေးချယ်ပါ။
အဆင့် 4- ညာဘက်ထောင့်ရှိ UPLOAD ခလုတ်ကို နှိပ်ပါ။
သင့်ခွင့်ပြုချက်အတွက် တောင်းဆိုမှုကို Myantrade မှ ပြန်လည်သုံးသပ်ပါမည်။
မှတ်ပုံတင်ခြင်းအတွက် အတည်ပြုချက်ကို Myantrade မှ ဆုံးဖြတ်မည်ဖြစ်ပါသည်။
အတည်ပြုချက်ရယူရန် သင့်ကုမ္ပဏီ၏ စာရွက်စာတမ်းအချို့ (ဥပမာ - ကုမ္ပဏီလိုင်စင်၊ ပို့ကုန် လိုင်စင် စသည်) ကို ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။
စာရင်းသွင်းရန်၊ ကုမ္ပဏီအမှတ်တံဆိပ်၊ ကုမ္ပဏီအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် သင့်အကောင့် ပြုလုပ်ရန် အသုံးပြုသူအမည်နှင့် စကားဝှက်စသည်ဖြင့် လိုအပ်မည်ဖြစ်သည်။
စာမျက်နှာ၏ ညာဘက်အပေါ်ထောင့်တွင် လူပုံအိုင်ကွန်တစ်ခုကို သင်တွေ့နိုင်ပြီး 'Register' ကို နှိပ်ပါ။
Myantrade မှ သတ်မှတ်ထားသော 'Approved Trader' သာလျှင် Trade Process Functions များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အတည်ပြုချက်ရရှိရန် My Profile စာမျက်နှာတွင် သင့်စာရွက်စာတမ်းကို ပူးတွဲတင်ပြရန် လိုအပ်ပါသည်။ သင့်စာရွက်စာတမ်းများ ပူးတွဲပါရှိသော် လည်း၊ စစ်ဆေးနေဆဲ ဖြစ်နိုင်သည်။
သင့်အကောင့်သို့ဝင်ရောက်ပြီးနောက်၊ ဘယ်ဘက်အပေါ်ထောင့်ရှိ Myantrade Logo ကို နှိပ်ခြင်း ဖြင့် Landing Page သို့သွားပါ။ ထို့နောက် Suppliers သို့မဟုတ် Buyers Menus သို့သွားပါ။ သင်ဆက်သွယ်လိုသော လုပ်ငန်းရှင်ထံ 'ကြည့်ရန်' ကို နှိပ်ပါ။ လုပ်ငန်းရှင်၏ ပင်မစာမျက်နှာသို့ ရောက်သွားပါမည်။ ထို့နောက် စာမျက်နှာ၏ ညာဘက်အပေါ် ထောင့်ကိုကြည့်ပါ၊ 'Business Chat' ခလုတ်တစ်ခု ပေါ်လာလိမ့်မည်။ ၎င်းကိုနှိပ်ပြီး အဆက်အသွယ်၏ အကြောင်းအရာတစ်ခုကို ရေးသား၍ ဆက်သွယ်နိုင်ပါသည်။