ပို့ကုန်ကုန်တင်ယာဉ်ထွက်ခွာခွင့်လက်မှတ်(QR) စနစ်သည် နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ပြည်ပသို့တင်ပို့မည့် မော်တော်ယာဉ်များအတွက် ဆောင်ရွက်ထားတဲ့ စနစ်ဖြစ်ပါသည်။ ကုန်သည်လုပ်ငန်းရှင်များအနေနှင့် ယခင်က သက်ဆိုင်ရာကုန်သွယ်ရေး ရုံးများသို့ သွားရောက်၍ မျှောလျှောက်ထားရပါသည်။ ကုန်သည်လုပ်ငန်းရှင်များ အချိန်ကုန် သက်သာစေရန်နှင့် အလုပ်ချိန်လျှော့ချစေရန် ပို့ကုန်ကုန်တင်ယာဉ်ထွက်ခွာခွင့်လက်မှတ်(QR) စနစ်ကို ရည်ရွယ်ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။
ကုန်သည်လုပ်ငန်းရှင်/ ကိုယ်စားလှယ်များအနေနဲ့ ပို့ကုန်ကုန်တင်ယာဉ် ထွက်ခွာခွင့်လက်မှတ် (QR) စနစ်ကို အသုံးပြုပြီးအောက်ပါတိုကို လျှောက်ထားနိုင်ပါသည်။
(က) ပို့ကုန်ကုန်တင်ယာဉ်ထွက်ခွာခွင့်လက်မှတ်(QR)အသစ်လျှောက်ထားခြင်း (Apply)
(ခ) ပို့ကုန်ကုန်တင်ယာဉ်ထွက်ခွာခွင့်လက်မှတ်(QR)ပြင်ဆင် လျှောက်ထားခြင်း
(Amend)
(ဂ) အစားထိုးလျှောက်ထားခြင်း (Replace) .. စသည်တို့ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
၁။ Gate Pass Certificate လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်
VMS User Guide for Trader
၂။ VMS စနစ်၏ Admin User များအတွက် လမ်းညွှန်မှု User Manual ရယူရန်
VMS User Guide for Admin
၃။ VMS စနစ်၏ Inspector User များအတွက် လမ်းညွှန်မှု User Manual ရယူရန်
VMS User Guide for Inspector
TradeNet 2.0 တွင် လိုင်စင်များ လျှောက်ထားနိုင်ရန် အောက်ဖော်ပြပါ Registration လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါသည်။
၁။ TradeNet 2.0 Member ဖြစ်ပြီး Account ရရှိထားသူများအနေဖြင့် တဖက်ဖော်ပြပါ Login Form မှတဆင့် ဝင်ရောက်၍ Gate Pass လျှောက်ထားနိုင်ပါသည်။
၂။ Border Export အတွက် ပို့ကုန်လိုင်စင်နံပါတ် ရရှိထားပြီးသော ပို့ကုန်လိုင်စင်များသာ Vehicle Gate Pass Certificate ကို လျှောက်ထားရမည် ဖြစ်ပါသည်။
၃။ Vehicle Gate Pass Certificate လျှောက်ထားရန်အတွက် မိမိတို့ လျှောက်ထားလိုသော Borderပို့ကုန်လိုင်စင် နံပါတ်ကို အသုံးပြု၍ စတင်လျှောက်နိုင်ပါသည်။