စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြား ခံရခြင်း မရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ ကာကွယ်ပေးလျက်ရှိပါ သည်။
စားသုံးသူများအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာမှု တစ်စုံတစ်ရာ ကြုံတွေ့ရပါက Online စနစ်ကို အသုံးပြု၍ တိုင်ကြားမှုနိုင်ရန်အတွက် www.doca.gov.mm Website တွင် Consumer Complaint System အား ထည့်သွင်းရေး ဆွဲထားရှိပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစတင်အသုံးပြုလျက်ရှိပါသည်။
အဆိုပါ စနစ်တွင် စားသုံးသူပြည်သူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီး တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနက အရေးယူ ဆောင်ရွက်နေမှုအခြေအနေများကို တိုင်ကြားသူကိုယ်တိုင် စောင့်ကြည့်နိုင်မည့် Tracking Code စနစ်ဖြင့် ဆောင်ရွက်ထားရှိပါသည်။
Cosumer Complaint System Upgrade User Guide (Myan) (Eng) ဒေါင်းလုပ်ရယူရန်
ပုံ(၁)
Step 1
ပုံ-၁ ပါ Registration Page ရှိ Registration form တွင်ဖော်ပြထားသော information များကို သေချာစွာဖတ်ရှုပါ။
ပုံ(၂)
Step 2
တိုင်ကြားသူ၏ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများအား ပုံ-၂ ပါအတိုင်း မှန်ကန် တိကျစွာ ဖြည့်သွင်းပါ။
ပုံ(၃)
Step 3
စီးပွားရေးလုပ်ငန်းရှင်၏ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများအား ပုံ-၃ ပါ အတိုင်း မှန်ကန်တိကျစွာ ဖြည့်သွင်းပါ။
ပုံ(၄)
Step 4
ပုံ-၄ တွင် ဖော်ပြထားသည့်တိုင်ကြားစာဖော်ပြချက်တွင် တိုင်ကြားမှု ကို မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းစေလိုသည်ကို ရွေးချယ်အတည်ပြုပေးပါ။တိုင်ကြားမှုနဲ့ပတ်သက်၍ အခြားတရားရုံး/ ဌာန/ အဖွဲ့အစည်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ရှိ/မရှိ ရွေးချယ်ပါ။
အငြင်းပွားမှုအတွက် ဖြေရှင်းရန်အတွက် လိုအပ်ပါက တိုင်ကြားသူ၏ အချက်အလက် အချို့ကို အသုံးပြု ခွင့် ရှိ/ မရှိ ရွေးချယ်ပေးပါ။ ထို့နောက် Finish ကိုနှိပ်ပါ။
ပုံ(၅)
အထက်ပါ အဆင့်အလိုက် ဖြည့်စွက်အတည်ပြုပြီးပါက တိုင်ကြားသူ၏ လက်ကိုင်ဖုန်း နှင့် E-mail လိပ်စာ များသို့ Verification Code Number အား ပုံ-၅ ပါအတိုင်း ပေးပို့သွားမည်ဖြစ်ပါသည်။ ယင်း Verification Code Number ကို တိုင်ကြားမှုပုံစံတွင် ဖြည့်သွင်းပြီးမှ သာလျှင် Tracking Code Number ကို ရရှိမှာဖြစ်သည်။
ပုံ-၆ တွင် ဖော်ပြထားသည့်အတိုင်း တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနက အရေးယူ ဆောင်ရွက်နေမှု အခြေအနေများကို တိုင်ကြား သူ ကိုယ်တိုင် စောင့်ကြည့်၍ Tracking ပြုလုပ်နိုင်ရန်အတွက် တိုင်ကြားသူ၏ လက်ကိုင်ဖုန်း နှင့် E-mail လိပ်စာ များသို့ Tracking Code Number ပေးပို့သွားမည်ဖြစ်ပါသည်။ ယင်း Tracking Code နှင့် တိုင်ကြားစာအမှတ်တို့ကို အသုံးပြု၍ တိုင်ကြားမှုအခြေအနေကို စောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။
ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက် မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြား သူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်း ထောက်ပံ့ခြင်းခံရသူများကို ဆိုပါသည်။
• Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်း
• စားသုံးသူရေးရာဦးစီးဌာန Facebook Page မှတဆင့်လည်းကောင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။
• ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများ။
• ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ် ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ။
• စားသုံးသူရေးရာဦးစီးဌာန၏ တရားဝင် E-mail များ။ (consumerwebsite doca@ gmail.com၊ [email protected] အစရှိသည်ဖြင့်.....)
• www.doca.gov.mm
• DOCA Myanmar Mobile Application (Android Version)
• Call Center (1535)
• စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့ (Myanmar Consumer Union)
မိမိဝယ်ယူသုံးစွဲသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူ အကျိုး စီးပွား (ငွေကြေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ) ထိခိုက်ခံစားရသည့် လူပုဂ္ဂိုလ်၊ မိသားစု (သို့မဟုတ်) အိမ်ထောင်စုအတွက် ရည်ရွယ်ချက်ဖြင့် ဝယ်ယူသုံးစွဲသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု နှင့်ပတ်သက်၍ စားသုံးသူ/သုံးစွဲသူမှ နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်ပါသည်။
DOCA Myanmar (Mobile Application Version-2) အား Google Play Store တွင် လည်းကောင်း၊ www.doca.gov.mm website တွင်လည်းကောင်း အခမဲ့ Download ရယူနိုင်ပါတယ်။ ယခင် Version 1 အား အသုံးပြုနေပါက Version 2 အား Download ရယူ၍ အသုံးပြုပေးစေလိုပါသည်။
အဆိုပါ လမ်းကြောင်းများတွင် သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူအနေဖြင့် ၎င်းတို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်မှု များနှင့် အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလက်ရှိအချိန်တွင် စားသုံး သူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ ကုန်စည်များကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မိမိတို့ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသော ကုန်စည်များနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ “အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေး အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဖြည့်စွက်စာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ” ကို ဖြန့်ဖြူးရောင်းချရာမှာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာ သာ ဖြင့် ဖော်ပြရန် ညွှန်ကြားချက် ထုတ်ပြန်ထား ပြီး ဖြစ်ပါတယ်။
ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်ပတ်သက်၍ လိုအပ် မှုရှိမှသာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အနေဖြင့် စားသုံးသူ ကာကွယ် ရေးဥပဒေနှင့်အညီ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်သွားမှာဖြစ်ပါတယ်။