စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် သတ်မှတ်ချက် များတွင် မည်သည့် ကုန်စည်များပါဝင်သနည်း။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မိမိတို့ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသော ကုန်စည်များနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ “အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေး အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဖြည့်စွက်စာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ” ကို ဖြန့်ဖြူးရောင်းချရာမှာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာ သာ ဖြင့် ဖော်ပြရန် ညွှန်ကြားချက် ထုတ်ပြန်ထား ပြီး ဖြစ်ပါတယ်။