စားသုံးသူ‌ရေးရာဦးစီးဌာနအနေဖြင့် နယ်စပ်လမ်းကြောင်း၊ ရေလမ်းကြောင်း၊ လေကြောင်း တို့မှတစ်ဆင့် တင်သွင်းလာသည့် ကုန်စည်များကို အဆိုပါနေရာများတွင် စစ်ဆေးဆောင် ရွက်ခြင်းမရှိဘဲ မည်သည့်အတွက်ကြောင့် ဈေးကွက်အတွင်း ရောက်ရှိ မှသာ စစ်ဆေးမှုများကို ဆောင်ရွက်ပါသလဲ။

အဆိုပါ လမ်းကြောင်းများတွင် သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူအနေဖြင့် ၎င်းတို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်မှု များနှင့် အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလက်ရှိအချိန်တွင် စားသုံး သူ‌ရေးရာဦးစီးဌာနအနေဖြင့်  ဈေးကွက်အတွင်းရှိ ကုန်စည်များကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။