၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) သည် ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်များမှတ်ပုံတင်ခြင်းနှင့် လိုင်စင်/ပါမစ်ထုတ်ပေးရေးဆိုင်ရာဝန်ဆောင်မှုကိစ္စအဝဝအတွက် လျှောက်ထားထုတ်ယူနိုင်သည့် စနစ်ကိုစတင်အသုံးပြုခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ Myanmartradenet Website မှတဆင့် Fully Online Licensing System စနစ်အား Auto License ကုန်ပစ္စည်းအမယ်များမှ ကုန်ပစ္စည်းအမယ် (၄၃) မျိုးဖြင့် စတင်အသုံးပြုနိုင်ခဲ့ပြီးယခုအခါတွင် ပို့ကုန် HS လိုင်း (၈၈) လိုင်း၊ သွင်းကုန် (၂၀၆၄) လိုင်းအား Online ပေါ်မှ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် MOC သည် လက်ရှိလိုင်စင်စနစ်ကိုနောက်ဆုံးပေါ်ခေတ်မီနည်းပညာနှင့်အညီမြန်ဆန်လွယ်ကူစွာဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် အွန်လိုင်းလိုင်စင် (Online License) စနစ်သို့ ပြောင်းလဲမြှင့်တင်ရန် ပြင်ဆင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးနိုင်ရန် အဆင့်မြှင့်တင်ထားသောစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကုန်သွယ်ခွင့်များကို လျှောက်ထားရာတွင် အထောက်အကူဖြစ်စေနိုင်ရန်၊ ဒေသတွင်းကုန်သွယ်မှုကို လျှင်မြန်လွယ်ကူချောမွေ့လာစေရန်၊ e-Government နှင့် အစိုးရမူဝါဒပိုင်းဆိုင်ရာပိုမိုပွင့်လင်းမြင်သာစေရန်နှင့် နည်းပညာဆိုင်ရာစီးပွားရေးနှင့် e-Commerce စနစ်များအရှိန်မြှင့်တင်နိုင်ရန်တို့အတွက် ဖြစ်ပါသည်။
ထို့အပြင် ယခုလို အဆင့်မြှင့်တင်ခြင်းအားဖြင့် နည်းပညာ (digital) ပတ်ဝန်းကျင် ဖြစ်တည်လာမှုကို အထောက်အကူဖြစ်စေခြင်း နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်စေနိုင်ခြင်း၊ တင်ပို့ / တင်သွင်းသူကုန်သည်များအတွက် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန် မြန်ဆန်သက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်သည်။
ယခုလက်ရှိတွင် ကုန်သည်များအနေဖြင့် ပို့ကုန်/ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet2.0 အွန်လိုင်းစနစ်မှတဆင့် ပြုလုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် TradeNet2.0 အွန်လိုင်းစနစ်တွင် အောက်ပါလျှောက်လွှာများကို လျှောက်ထားနိုင်ပြီး ဖြစ်ပါသည်။
၁။ ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသကဟုခေါ်သည်)
၂။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်၊
၃။ လက်လီ / လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
၄။ အဖျော်ယမကာတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်၊
၅။ အကောက်ခွန်လွတ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်၊
၆။ စီးပွားရေးအကျိုးဆောင်၊ မှတ်ပုံတင်လက်မှတ်၊
၇။ Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်သစ်များ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၈။ Show Room ဖွင့်လှစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၉။ Sale Center ဖွင့်လှစ်၍ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၀။ Sale Centre ဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၁။ Re-Export မှတ်ပုံတင်လက်မှတ်၊
၁၂။ ပို့ကုန်လိုင်စင်၊
၁၃။ သွင်းကုန်လိုင်စင်၊
၁၄။ ပို့ကုန်ပါမစ်၊
၁၅။ သွင်းကုန်ပါမစ်။
၁။ TradeNet 2.0 စနစ် အသင်း၀◌င် လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်
Tradenet2.0 member registration user guide
၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက)လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်
Tradenet2.0 exporter importer certificate and other card user guide
၃။ ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်
Tradenet2.0 license and permit - user guide
၁။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(ရောင်းဝယ်ရေးလုပ်ငန်း)။
၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်။
၃။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်သတ်မှတ်ထားသော ဌာန၏ ဆိုင်ခန်း ဖွင့်လှစ်ခွင့်ပြုကြောင်းထောက်ခံချက်နှင့် ဆိုင်ခန်းငှားရမ်းစာချုပ်။
၄။ အကောက်ခွန်ဦးစီးဌာနမှ အာမခံသိုလှောင်ရုံ Bonded Warehouse ထားရှိ ဆောင်ရွက်ခွင့် လိုင်စင်။
၅။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့်ယစ်မျိုးလိုင်စင် (FL-19)၊
၆။ ဖွင့်လှစ်မည့်ဆိုင်တည်နေရာပြ Layout Plan။
၇။ မှတ်ပုံတင်ကြေး ၅၀,၀၀၀/- ကျပ်၊ သက်တမ်းတိုးကြေး ၅၀,၀၀၀/-ကျပ်နှင့် ပြင်ဆင်ကြေး တစ်ချက်လျှင် ၁,၀၀၀/- ကျပ်။
၈။ အကောက်ခွန်လွတ်အရောင်းဆိုင်မှတ်ပုံတင်သက်တမ်းအား (၁)နှစ်ခွင့်ပြုပါသည်။
၉။ အကောက်ခွန်လွတ်အရောင်းဆိုင်လက်မှတ်ရရှိရန် ကြာမြင့်ချိန်(၇)ရက်။
လုပ်ငန်းသုံးမော်တော်ယာဉ်များ ပြည်ပမှတင်သွင်းခွင့်ပြုရာတွင် မော်တော်ယာဉ် အရောင်း ပြခန်း၊ လုပ်ငန်းသုံးအရောင်းစင်တာများမှ တင်သွင်းခွင့်ပြုခြင်းအစီအစဉ်၊ အစိုးရဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ဒါအောင်မြင်ကြောင်း ထောက်ခံချက်ဖြင့် လျှောက်ထားသည့် ကုမ္ပဏီများအား တင်သွင်းခွင့်ပြုခြင်းအစီအစဉ်၊ ကိုယ်ပိုင်လုပ်ငန်းတွင် အသုံးပြုရန်အတွက် တင်သွင်းခွင့်ပြုခြင်းအစီအစဉ်တို့ဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။
လုပ်ငန်းသုံးယာဉ်များအား မော်တော်ယာဉ်အရောင်းပြခန်းများမှ တင်သွင်းရောင်းချနိုင်ရေး အတွက် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် (၂၀၂၃ ခုနှစ်မော်ဒယ် နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်) ဘယ်မောင်း (Left Hand Drive) ၊ အသစ် (Brand New) များကို တင်သွင်းခွင့်ပြုထားပါသည်။ လုပ်ငန်းသုံးယာဉ်များအား လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများမှ တင်သွင်း ရောင်းချနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်မော်ဒယ်နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်ယာဉ်များကို အသစ် (Brand New) အဖြစ်လည်းကောင်း၊ ၂၀၂၀ ခုနှစ်မော်ဒယ်မှ ၂၀၂၃ ခုနှစ်မော်ဒယ်အထိ ယာဉ် များကို Reconditioned အဖြစ်လည်းကောင်း ဘယ်မောင်း (Left Hand Drive) ယာဉ် များသာ တင်သွင်းခွင့်ပြုထားပါသည်။
မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်နိုင်ရေးအတွက် အရောင်းပြခန်းအကျယ်အဝန်း (၁၄,၀၀၀) စတုရန်းပေနှင့် သိုလှောင်ရုံအကျယ်အဝန်း (၅,၀၀၀) စတုရန်းပေ ပြည့်မီရန် လိုအပ်ပါသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများမှ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle) များ တင်သွင်းခွင့်အတွက် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် (၂၀၂၃ ခုနှစ်မော်ဒယ် နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်) ဘယ်မောင်း (Left Hand Drive) ၊ အသစ် (Brand New) များကို တင်သွင်း ခွင့်ပြုထားပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်နိုင်ရေးအတွက် မြေအကျယ်အဝန်း (၁၀,၀၀၀) စတုရန်းပေနှင့် သိုလှောင်ရုံအကျယ်အဝန်း (၅,၀၀၀) စတုရန်းပေ ပြည့်မီရန် လိုအပ်ပါသည်။
www.commerce.gov.mm သို့ဝင်ရောက်၍ အဆိုပါစာမျက်နှာရှိ “ဥပဒေလုပ်ထုံး လုပ်နည်းများ” တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး PDF ဖိုင်အား download ရယူနိုင်ပါ ကြောင်း။
ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို Automatic Licensing စနစ်နှင့် Non-Automatic Licensing စနစ် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ပို့ကုန်နှင့်ပတ် သက်ပြီး သတင်းလွှာ ၆/၂၀၂၃ နှင့် သွင်းကုန်နှင့်ပတ်သက်ပြီး သတင်းလွှာ ၉/၂၀၂၃ တို့တွင် H.S Code အလိုက် အသေးစိတ်ကြည့်ရှု့နိုင်ပါသည်။
ယမကာတင်သွင်းခွင့်မှတ်ပုံတင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၀ ကိုထုတ်ပြန်ထားပါသည်။ ဆက်သွယ်လိုပါက ၀၆၇-၄၀၈၄၁၄ နှင့် ၀၆၇၄၀၈၃၁၉ တို့သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ပုံတင်သက်တမ်းမှာ ၁ နှစ်ဖြစ်ပြီး မှတ်ပုံတင်ကြေး ၅၀၀၀၀ ဖြစ်ပါသည်။