Skip to main content

  • English
  • MM

Top Menu

  • သတင်းများ
  • ဆက်သွယ်ရန်

Search form

  • မူလစာမျက်နှာ
    • မြန်မာအကြောင်း
    • ဝန်ကြီးဌာနအကြောင်း
    • ပုံနှိပ်ထုတ်ဝေခြင်း
    • သတင်းများ
    • ဆက်သွယ်ရန်
    • Tradenet 2.0 စနစ်နှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းနိုင်သည့် ဖုန်းနံပါတ်များ
  • ဥပဒေလုပ်ထုံးလုပ်နည်းများ
    • ဥပဒေလုပ်ထုံးလုပ်နည်းများ
      • ဥပဒေများ
      • နည်းဥပဒေထုတ်ပြန်ချက်များ
      • အမိန့်ကြော်ငြာစာများ
      • အမိန့်များ
      • သတင်းလွှာများ
      • အသိပေးကြေညာချက်များ
    • ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ
      • ပို့ကုန်သွင်းကုန်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ
      • မြန်မာနိုင်ငံ၏ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ
  • ကုန်သွယ်သုတ
    • လွတ်လပ်သောကုန်သွယ်မှုဒေသများ
      • အာဆီယံစီးပွားရေးအသိုက်အဝန်း
      • အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ
      • အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသ
      • အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်
      • အာဆီယံ-ဩစတေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ
      • အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုဒေသ
      • ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု
    • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ အစီအစဉ်များ
      • Generalized System of Preferences
      • LDCs-Specific Schemes
    • အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-Tariff Measure- NTMs) နှင့် ပတ်သက်သည့် အချက်အလက်များ
    • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အမျိုးအစားများ (CERTIFICATES OF ORIGIN-COS)
    • ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း
    • ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ
    • ကုန်သွယ်ရေးနှင့်ပို့ဆောင်ရေး
    • စီးပွားရေးအခွင့်အလမ်းများ
    • ပို့ကုန်ဆိုင်ရာ သိကောင်းစရာများ
    • သွင်းကုန်ဆိုင်ရာ သိကောင်းစရာများ
    • EIF အကြောင်းသိကောင်းစရာ
    • Trade Across Border
    • အာဆီယံအဆင့် ပင်ရင်းထုတ်ကုန်ကြေညာသည့်စနစ်
    • အီးယူ GSP အစီအစဉ်၏ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်
    • မြန်မာနိုင်ငံ၏ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များဘဏ္ဍာတိုက် (Myanmar Services Trade & Investment Portal – MSTIP)
  • အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ
    • ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
      • WTO ဆိုင်ရာနောက်ခံအကြောင်းအရာများ
      • TFA Enquiry Point ဆိုင်ရာအချက်အလက်များ
      • Aid for Trade
    • အာဆီယံ
      • အာဆီယံ
      • အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ
    • ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် - ဘင်းမ်စတက်
    • မဟာမဲခေါင်ဒေသ
    • ဧရာဝတီ၊ကျောက်ဖယား၊မဲခေါင် စီးပွားရေးပူးပေါင်းမှု မဟာဗျူဟာအဖွဲ့
    • ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
    • ကမ္ဘာ့မူပိုင်ခွင့်အကြောင်းသိကောင်းစရာ
  • ကုန်သွယ်မှုကဏ္ဍ
    • စားသုံးသူကာကွယ်ရေး
      • စားသုံးသူနစ်နာမှုများ တိုင်ကြားရန်
      • စားသုံးသူရေးရာဖြေရှင်းဆောင်ရွက်ပေးမှုများ
      • ကုန်ပစ္စည်းသတိပေးချက်များ
      • ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု
        • စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲဆောင်ရွက်မှု
        • ဓာတ်ခွဲခန်းများ
        • ဓာတ်ခွဲခန်းများအလိုက်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု
        • ပို့ကုန်အရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ
        • နိုင်ငံတကာနှင့်ဒေသအတွင်းသဘောတူစာချုပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း
    • ယှဉ်ပြိုင်မှုမူဝါဒ
    • ကုန်စည်ပြပွဲ
      • ပြည်တွင်းပြည်ပကုန်စည်ပြပွဲများစာရင်း
    • NES အကြောင်းသိကောင်းစရာ
    • Business Visa ထောက်ခံချက် နှင့် OGL အကြောင်း သိကောင်းစရာ
      • Business Visa ထောက်ခံချက်အကြောင်း သိကောင်းစရာ
      • OGL အကြောင်း သိကောင်းစရာ
    • မူပိုင်ခွင့်ဆိုင်ရာအကြောင်းသိကောင်းစရာ
      • စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်းသိကောင်းစရာ
      • တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
      • စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ
      • ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
  • အထွေထွေကိစ္စရပ်များ
    • မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် ဆောင်ရွက်မှုစာရင်း
    • WHOLESALE/RETAIL ဆိုင်ရာ မူဝါဒများ
    • မော်တော်ယာဉ်နှင့်ပတ်သက်သည့် သတင်းများ
    • ကုန်သွယ်မှုသင်တန်းကျောင်း
    • တင်ဒါဆိုင်ရာကိစ္စရပ်များ
    • ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အခြားဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များ

ဝန်ကြီးဌာန၏ အွန်လိုင်းဝန်ဆောင်မှုများ

Breadcrumbs

You are here:

  1. မူလနေရာ

TradeNet 2.0

Online CO System

  • About the System
  • User Manual
  • How to Apply
  • FAQ

၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) သည် ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်များမှတ်ပုံတင်ခြင်းနှင့် လိုင်စင်/ပါမစ်ထုတ်ပေးရေးဆိုင်ရာဝန်ဆောင်မှုကိစ္စအဝဝအတွက် လျှောက်ထားထုတ်ယူနိုင်သည့် စနစ်ကိုစတင်အသုံးပြုခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ Myanmartradenet Website မှတဆင့် Fully Online Licensing System စနစ်အား Auto License ကုန်ပစ္စည်းအမယ်များမှ ကုန်ပစ္စည်းအမယ် (၄၃) မျိုးဖြင့် စတင်အသုံးပြုနိုင်ခဲ့ပြီးယခုအခါတွင် ပို့ကုန် HS လိုင်း (၈၈) လိုင်း၊ သွင်းကုန် (၂၀၆၄) လိုင်းအား Online ပေါ်မှ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် MOC သည် လက်ရှိလိုင်စင်စနစ်ကိုနောက်ဆုံးပေါ်ခေတ်မီနည်းပညာနှင့်အညီမြန်ဆန်လွယ်ကူစွာဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် အွန်လိုင်းလိုင်စင် (Online License) စနစ်သို့ ပြောင်းလဲမြှင့်တင်ရန် ပြင်ဆင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးနိုင်ရန် အဆင့်မြှင့်တင်ထားသောစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကုန်သွယ်ခွင့်များကို လျှောက်ထားရာတွင် အထောက်အကူဖြစ်စေနိုင်ရန်၊ ဒေသတွင်းကုန်သွယ်မှုကို လျှင်မြန်လွယ်ကူချောမွေ့လာစေရန်၊ e-Government နှင့် အစိုးရမူဝါဒပိုင်းဆိုင်ရာပိုမိုပွင့်လင်းမြင်သာစေရန်နှင့် နည်းပညာဆိုင်ရာစီးပွားရေးနှင့် e-Commerce စနစ်များအရှိန်မြှင့်တင်နိုင်ရန်တို့အတွက် ဖြစ်ပါသည်။
ထို့အပြင် ယခုလို အဆင့်မြှင့်တင်ခြင်းအားဖြင့် နည်းပညာ (digital) ပတ်ဝန်းကျင် ဖြစ်တည်လာမှုကို အထောက်အကူဖြစ်စေခြင်း နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်စေနိုင်ခြင်း၊ တင်ပို့ / တင်သွင်းသူကုန်သည်များအတွက် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန် မြန်ဆန်သက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်သည်။
ယခုလက်ရှိတွင် ကုန်သည်များအနေဖြင့် ပို့ကုန်/ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet2.0 အွန်လိုင်းစနစ်မှတဆင့် ပြုလုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် TradeNet2.0 အွန်လိုင်းစနစ်တွင် အောက်ပါလျှောက်လွှာများကို လျှောက်ထားနိုင်ပြီး ဖြစ်ပါသည်။
၁။ ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသကဟုခေါ်သည်)
၂။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်၊
၃။ လက်လီ / လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
၄။ အဖျော်ယမကာတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်၊
၅။ အကောက်ခွန်လွတ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်၊
၆။ စီးပွားရေးအကျိုးဆောင်၊ မှတ်ပုံတင်လက်မှတ်၊
၇။ Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်သစ်များ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၈။ Show Room ဖွင့်လှစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၉။ Sale Center ဖွင့်လှစ်၍ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၀။ Sale Centre ဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၁။ Re-Export မှတ်ပုံတင်လက်မှတ်၊
၁၂။ ပို့ကုန်လိုင်စင်၊
၁၃။ သွင်းကုန်လိုင်စင်၊
၁၄။ ပို့ကုန်ပါမစ်၊
၁၅။ သွင်းကုန်ပါမစ်။
 

၁။ TradeNet 2.0 စနစ် အသင်း၀◌င် လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန် 
Tradenet2.0 member registration user guide


၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက)လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန်  
Tradenet2.0 exporter importer certificate and other card user guide 


၃။ ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားသည့် လမ်းညွှန်မှု User Manual ရယူရန် 
Tradenet2.0 license and permit - user guide
 

  • ကုန်သွယ်မှုမူဝါဒဆိုင်ရာ
  • WTO ဆိုင်ရာများ
  • နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး
  • ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
  • ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ
  • ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာများ
ယမကာတင်သွင်းခွင့် မှတ်ပုံတင် အသစ် / သက်တမ်းတိုး / ပြင်ဆင် လျှောက် ထားရာတွင် ဘာတွေလိုအပ်ပါသလဲ?

ယမကာ တင်သွင်းခွင့်မှတ်ပုံတင် လျှောက်ထားရာတွင် အောက်ပါ စာရွက် စာတမ်းများ လိုအပ်ပါသည်
            (က)    အသင့်သောက်သုံးနိုင်သောအရက်တင်သွင်းလိုသောကုမ္ပဏီများသည် 
                    အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူလျှောက်ထား
                    ရမည်-
                    (၁)    ကုမ္ပဏီ၏ Letter Head ပါလျှောက်လွှာ၊
                    (၂)    ကုမ္ပဏီဒါရိုက်တာတစ်ဦးဦး၏ နိုင်ငံခြားဖြစ်အရက်ကိုလက်ကား ရောင်းချခွင့်လိုင်စင်(FL-11)
                    (၃)     နိုင်ငံခြားဖြစ်အရက်ထုတ်လုပ်ဖြန့်ဖြူးသူ နှင့်  တစ်ဦးတည်းဖြန့်
                        ဖြူးရောင်းဝယ်ခွင့်     (Exclusive Distribution) သို့မဟုတ် ရောင်းဝယ်ခွင့်(Exclusive Dealership ) ကိုယ်စားလှယ် အဖြစ် ချုပ်ဆိုထားသောစာချုပ်
                    (၄)    တင်သွင်းမည့်အရက်နှင့်စပ်လျဉ်းသည့်အချက်အလက်များ
                        (ကက) အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်း၊
                        (ခခ )    ကုန်ပစ္စည်းအမည်၊အမျိုးအစား၊ အမှတ်တံဆိပ်၊ ပါဝင်သည့်ပစ္စည်းနှင့်ထုတ်ပိုးမှုပုံစံ၊
                        (ဂဂ)     ထုတ်လုပ်သည့်ခုနှစ်နှင့်သက်တမ်း၊
                        (ဃဃ) ထုတ်လုပ်သည့်နိုင်ငံ၊ကုမ္ပဏီအမည်နှင့်လိပ်စာ၊
                    (၅)    သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုထား သည့်အရက်သိုလှောင်ခွင့်လက်မှတ်သို့မဟုတ် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၊
                    (၆)    အရက်သိုလှောင်ရုံ လိပ်စာနှင့်ရောင်းချမည့်လိပ်စာ၊
            (ခ)    အရက်ဆီ၊အရက်ပြင်းတင်သွင်းလိုသော ကုမ္ပဏီများသည် အောက်ပါ 
                    စာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရမည်-
                    (၁)    ကုမ္ပဏီ၏ Letter Head ပါလျှောက်လွှာ၊
                    (၂)    ကုမ္ပဏီဒါရိုက်တာတစ်ဦးဦး၏ ပြည်ပမှ တင်သွင်းသောနိုင်ငံခြားအရက်ပြင်းကို  ပေါင်းစပ်ခွင့် ၊ ရောနှောခွင့် ၊ အနံ့ထည့်ခွင့် နှင့် အရောင်းဆိုးခွင့် လိုင်စင်(FL-4) နှင့် နိုင်ငံခြားအရက်ပြင်းကိုပုလင်းသွတ်ခွင့်(FL-5) ယစ်မျိုးလိုင်စင်
                    (၃)    နိုင်ငံခြားအရက် ထုတ်လုပ်ဖြန့်ဖြူးသူ နှင့် တစ်ဦးတည်း ဖြန့်ဖြူးရောင်းဝယ်ခွင့်(Exclusive Distrtibutorship)သို့မဟုတ် တစ်ဦး တည်းရောင်းဝယ်ခွင့် (Exclusive Dealership) ကိုယ်စားလှယ်အဖြစ် ချုပ်ဆိုထားသော စာချုပ်
                        (ကက) အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်း၊
                        (ခခ )     ကုန်ပစ္စည်းအမည်၊အမျိုးအစား၊ အမှတ်တံဆိပ်၊ ပါဝင်သည့်ပစ္စည်းနှင့်ထုတ်ပိုးမှုပုံစံ၊
                        (ဂဂ )   ထုတ်လုပ်သည့်နိုင်ငံ၊ကုမ္ပဏီအမည်နှင့်လိပ်စာ၊
                        (ဃဃ)အရက်ရောနှောပေါင်းစပ်၍  ထုတ်လုပ်ခြင်း၊ ပုလင်းသွပ် ခြင်းပြုလုပ်မည့်လိပ်စာ၊
 

ယမကာတင်သွင်းခွင့် မှတ်ပုံတင် အသစ် / သက်တမ်းတိုး လျှောက်ထားရာတွင် အချိန်ဘယ်လောက်ကြာမြင့်ပါသလဲ?

ယမကာတင်သွင်းခွင့် မှတ်ပုံတင် အသစ် / သက်တမ်းတိုး လျှောက်ထားရာတွင် အထက်ပါအချက်အလက်များ ပြည့်စုံမှန်ကန်ပါက အလုပ်လုပ်ရက် (၂)ရက် အတွင်းဆောင်ရွက်ပေးပါသည်။

ယမကာတင်သွင်းခွင့် မှတ်ပုံတင် အသစ် / သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်းဘယ်လောက်ခွင့်ပြုထားပါသလဲ?

ယမကာတင်သွင်းခွင့် မှတ်ပုံတင် အသစ် / သက်တမ်းတိုး  လျှောက်ထားရာတွင် သက်တမ်း(၁)နှစ် ခွင့်ပြုထားပါသည်။ 

ယမကာတင်သွင်းခွင့် မှတ်ပုံတင်ကြေး / သက်တမ်းတိုးကြေး ဘယ်လောက် ပေးသွင်းရပါသလဲ?

ယမကာတင်သွင်းခွင့် မှတ်ပုံတင်ကြေး / သက်တမ်းတိုးကြေး  (၅၀၀၀၀) ကျပ် နှင့် online ကြေး (၃၀၀၀) ကျပ်ပေးသွင်းရပါသည်။

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရာတွင် ဘာတွေ လိုအပ်ပါသလဲ?

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရာတွင် အောက် ပါအချက်အလက်များလိုအပ်ပါသည်-
               (၁)    Tradenet 2.0 စနစ်မှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနသို့ လိပ်မူသည့် ကုမ္ပဏီ၏ Letter Head ဖြင့် MD သို့မဟုတ် Director လက်မှတ်ရေးထိုးထားသည့် အသစ်လျှောက်လွှာ၊
               (၂)    လက်လီ/လက်ကားရောင်းချခွင့်လုပ်ငန်း မှတ်ပုံတင်လက်မှတ် လျှောက်လွှာ (အင်္ဂလိပ်-မြန်မာ)၊
               (၃)    ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့်ကုမ္ပဏီမှတ်ပုံတင်လက်မှတ် နှင့် ကုမ္ပဏီ Extract ၊
               (၄)    MIC အတည်ပြုမိန့် / ခွင့်ပြုမိန့် မိတ္တူ(MIC) ၏ ခွင့်ပြုချက် သို့မဟုတ် အတည်ပြုမိန့်ရယူ ဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံခြားဖက်စပ် ကုမ္ပဏီများအတွက်သာ)၊
               (၅)    သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ထောက်ခံချက်၊
               (၆)    လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးမည့် ကုန်ပစ္စည်းအုပ်စုစာရင်း၊
               (၇)    လက်လီ/လက်ကားရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများ၏ အနည်းဆုံး (၅)နှစ်တာအတွက် လုပ်ဆောင်မည့် အောက်ပါအချက်များပါဝင်သည့် လုပ်ငန်းဆောင်ရွက်မှု စီမံချက် (Business Plan For 5 Years)-
                   (က)    ရင်းနှီးမြှုပ်နှံမှုငွေပမာဏ (ကနဦးရင်းနှီးမြှုပ်နှံမှုနှင့် နောင်(၅)နှစ် အတွင်း လုပ်ငန်းလည်ပတ်ရန် ဖြည့်သွင်းမည့်ပမာဏ)
                   ( ခ )    ရောင်းချမှု၊ ဖြန့်ဖြူးမှုနှင့် စီမံခန့်ခွဲမှုအစီအစဉ်၊
                   ( ဂ )    တည်နေရာနှင့်အကျယ်အဝန်း၊
                   (ဃ)    လက်လီ/လက်ကားရောင်းချခွင့်အမိန့်ကြော်ငြာစာပါအလုပ်အကိုင် ဖန်တီးရေး၊နည်းပညာမြှင့်တင်ရေး၊ စားသုံးသူအတွက် အရည် အသွေးကောင်း၍ ဈေးနှုန်းသက်သာမှုဆိုင်ရာ ရွေးချယ်ခွင့်ရှိရေး၊  ပြည်တွင်းအသေးစား၊                             အလတ်စားလုပ်ငန်းများကို မြှင့်တင်ရေး အစရှိသည့် ရည်ရွယ်ချက်များကို ကုမ္ပဏီမှ အကောင်အထည် ဖော်ဆောင်ရွက်မည့် ဖော်ပြချက်အကျဉ်း၊
               (၈)    နောက်ထပ်ဆိုင်သစ်ဖွင့်လှစ်ရန် ရည်ရွယ်ထားသော ဆိုင်အရေအတွက်နှင့် တည်နေရာ (နေရာအတိအကျ ဖော်ပြနိုင်ပါက ဖော်ပြပေးရန်)
               (၉)    ကနဦးရင်းနှီးမြှုပ်နှံမှုပမာဏကို ပြည်ပမှ ပြည်တွင်းဘဏ်တစ်ခုခုသို့ လွှဲပြောင်း/ ဖြည့်သွင်းပြီးဖြစ်ကြောင်း ပြသနိုင်သည့် ယင်းဘဏ်မှ ထုတ်ပေး သည့် အထောက်အထား၊ (အကယ်၍ လာရောက်လျှောက်ထားချိန်တွင်                                     ကနဦးရင်းနှီးမြှုပ်နှံမှုပမာဏအတွက် ဘဏ်မှထုတ်ပေးသည့် အထောက် အထားကို ပြသနိုင်ခြင်းမရှိပါက လက်လီ/ လက်ကားရောင်းချခွင့်(ယာယီ) မှတ်ပုံတင်ကိုသာ ထုတ်ပေးမည်ဖြစ်ပြီး တစ်လအတွင်း   ပြည်ပမှ  ပြည်တွင်းဘဏ်တစ်ခုခုသို့                ငွေလွှဲပြောင်း/ဖြည့်သွင်းပြီးဖြစ်ကြောင်း အထောက်အထား တင်ပြနိုင်ပြီးမှသာလျှင် လက်လီ/လက်ကားရောင်းချခွင့်မှတ်ပုံတင်ကို ထုတ် ပေးမည်ဖြစ်သည်)
 

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရာတွင် အချိန် ဘယ်လောက်ကြာမြင့်ပါသလဲ?

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထား ခြင်းအား အထက် အပိုဒ် ၁ ပါ အထောက်အထားများ ပြည့်စုံမှန်ကန်ပါက ၂၄ နာရီအတွင်း ဆောင်ရွက်ပေးပါသည်။

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင် သက်တမ်း ဘယ်လောက် ခွင့်ပြုထားပါသလဲ?

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင် သက်တမ်း(၅)နှစ် ခွင့်ပြုထား ပါသည်။

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်ကြေးနှင့် သက်တမ်းတိုးကြေး ဘယ်လောက်ပေးသွင်းရပါသလဲ?

လက်လီလက်ကားရောင်းချခွင့်လုပ်ငန်း မှတ်ပုံတင် ဆောင်ရွက်ရာတွင် မှတ်ပုံတင်ကြေးနှင့်သက်တမ်းတိုးကြေး (၅၀၀၀၀) ကျပ် နှင့် onlineကြေး (၃၀၀၀)ကျပ် ပေးသွင်းရပါသည်။

Car Sale Center / Car Show Room / EV Show Room လက်မှတ်များ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းများဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များ

၁။    ကုမ္ပဏီ၏ Phone,Fax,E-mailတို့ပါရှိသည့် letter Head ဖြင့်လျှောက်လွှာ။
၂။    စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ်/တစ်ဖက်ကုန်ရောင်းသည့် ကုမ္ပဏီနှင့် ချုပ်ဆို ထားသည့် Agreement(မူရင်း/မိတ္တူ)။
၃။    သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ခွင့်ပြုမိန့်(မူရင်း / မိတ္တူ)။ 
၄။    သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းလိုင်စင်(မူရင်း / မိတ္တူ)။
၅။    ပြည်တွင်းအခွန်များဉီးစီးဌာနက ထုတ်ပေးသည့် အခွန်ပေးဆောင်ပြီးကြောင်း အထောက် အထား(မူရင်း / မိတ္တူ)။
၆။    ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ MyCo Online စနစ်ဖြင့် ထုတ်ပေးထား သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့်ကုမ္ပဏီမှတ်တမ်းအကျဉ်းချုပ် (မိတ္တူ)။
၇။    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်(မိတ္တူ)။
၈။    နိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် အာမခံငွေ (Deposit) အဖြစ် မြန်မာငွေကျပ်သိန်း(၁၀၀၀)ထည့်သွင်းထားသည့် ဘဏ်စာအုပ် (မူရင်း/မိတ္တူ)။
    EV Show Room အတွက် Bank Guarantee ကျပ်သိန်း(၅၀၀)။
၉။    မြေပြင်စစ်ဆေးရေးအဖွဲ့၏ မြေပြင်စစ်ဆေးချက်အစီရင်ခံစာ စာအုပ်။
၁၀။    လာရောက်လျှောက်ထားသူသည် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်မဟုတ်ပါက ၎င်း ပုဂ္ဂိုလ်၏ မှတ်ပုံတင်မိတ္တူ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်စိစစ်ရေးကတ်မိတ္တူနှင့် ကိုယ်စားလှယ်လွှဲစာ။
၁၁။    မှတ်ပုံတင်ကြေး ၁၀၀,၀၀၀/- ကျပ်၊ သက်တမ်းတိုးကြေး ၅၀,၀၀၀/-ကျပ်နှင့် ပြင်ဆင်ကြေး တစ်ချက်လျှင် ၁၀,၀၀၀/- ကျပ်။
၁၂။    စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်သက်တမ်းအတွင်း သက်တမ်း(၁)နှစ်ခွင့်ပြုပါသည်။
၁၃။    မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်များ ရရှိရန်အတွက် ကြာမြင့်ချိန်(၇)ရက်။
 

စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ်များ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များ

၁။    ကုမ္ပဏီ Letter Head ပါလျှောက်လွှာ။
၂။    စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်စာ/စာချုပ် (မူရင်း + မိတ္တူ + Notary +သံရုံး)။
၃။    ကုမ္ပဏီမှတ်ပုံတင် မိတ္တူ။
၄။    ကုမ္ပဏီမှတ်ပုံတင် MyCO အတွဲ စာရွက်စာတမ်းများ။
၅။    နိုင်ငံခြားသား Passport မိတ္တူ။ (ကိုယ်တိုင်လာရောက်သူ လုပ်ငန်းရှင်များ အတွက်သာ)
၆။    နိုင်ငံခြားကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့် Director စာရင်းမိတ္တူ။
မှတ်ချက်။    မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသော ကိစ္စရပ်များအတွက် စီးပွားရေး အကျိုးဆောင်ခန့်အပ်စာပေါ်တွင် သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၏ အတည်ပြုချက် (Endorsement) ပါရှိရမည်။
၇။    စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်သက်တမ်းအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် သက်တမ်းနှင့် ခန့်အပ်သက်တမ်း လုံလောက်မှုရှိပါက သက်တမ်း(၂)နှစ်ခွင့်ပြုပါသည်။ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်းနှင့် ခန့်အပ်သက်တမ်း မလုံလောက်ပါက နည်းရာသက်တမ်းနှင့် ခွင့်ပြုပါသည်။
၈။    မှတ်ပုံတင်ကြေး ၂၅၀,၀၀၀/- ကျပ်၊ သက်တမ်းတိုးကြေး ၂၅၀,၀၀၀/-ကျပ်နှင့် ပြင်ဆင်ကြေး တစ်ချက်လျှင် ၁၀,၀၀၀/- ကျပ်၊
၉။    စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ် ရရှိရန်အတွက် ကြာမြင့်ချိန်(၇)ရက်။
 

Pagination

  • First page « First
  • Previous page ‹ Previous
  • စာမျက်နှာ 1
  • လက်ရှိစာမျက်နှာ 2
  • စာမျက်နှာ 3
  • Next page Next ›
  • Last page Last »
Loading content ...
Loading content ...
Loading content ...
Loading content ...
Loading content ...

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန


ရုံးအမှတ်(၃)၊ နေပြည်တော်
ဖုန်း - ၀၆၇-၄၀၈၂၂၁ | အီးမေးလ်: [email protected]

 

 

Find us on social media

  • မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် ဆောင်ရွက်မှုစာရင်း
  • WHOLESALE/RETAIL ဆိုင်ရာ မူဝါဒများ
  • မော်တော်ယာဉ်နှင့်ပတ်သက်သည့် သတင်းများ
  • ကုန်သွယ်မှုသင်တန်းကျောင်း
  • တင်ဒါဆိုင်ရာကိစ္စရပ်များ
  • ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အခြားဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များ
  • ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
    • WTO ဆိုင်ရာနောက်ခံအကြောင်းအရာများ
    • TFA Enquiry Point ဆိုင်ရာအချက်အလက်များ
    • Aid for Trade
  • အာဆီယံ
    • အာဆီယံ
    • အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ
  • ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် - ဘင်းမ်စတက်
  • မဟာမဲခေါင်ဒေသ
  • ဧရာဝတီ၊ကျောက်ဖယား၊မဲခေါင် စီးပွားရေးပူးပေါင်းမှု မဟာဗျူဟာအဖွဲ့
  • ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
  • ကမ္ဘာ့မူပိုင်ခွင့်အကြောင်းသိကောင်းစရာ
  • ဥပဒေလုပ်ထုံးလုပ်နည်းများ
    • ဥပဒေများ
    • နည်းဥပဒေထုတ်ပြန်ချက်များ
    • အမိန့်ကြော်ငြာစာများ
    • အမိန့်များ
    • သတင်းလွှာများ
    • အသိပေးကြေညာချက်များ
  • ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ
    • ပို့ကုန်သွင်းကုန်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ
    • မြန်မာနိုင်ငံ၏ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ
  • အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံ ခန့်ခွဲမှုဌာနခွဲ
  • မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ
  • စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ
  • ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေး ဌာနခွဲ
  • ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲ
  • e-Government ဌာနခွဲ
  • ဦးစီးရုံး
  • ဘဏ္ဍာနှစ်လိုက်ကုန်သွယ်မှုပမာဏ
    • ပို့ကုန်/သွင်းကုန် ကုန်သွယ်မှု
    • ကုန်ပစ္စည်းအုပ်စုအလိုက် ကုန်သွယ်မှု
    • နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှု
    • နိုင်ငံအလိုက် ကုန်သွယ်မှု
    • နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု
    • ပဲမျိုးစုံတင်ပို့မှု
  • ကာလတူကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ချက်
    • ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ချက်
    • ပို့ကုန်အုပ်စုအလိုက် နှိုင်းယှဉ်ချက်
    • သွင်းကုန်အုပ်စုအလိုက် နှိုင်းယှဉ်ချက်
    • နယ်စခန်းများအလိုက် နှိုင်းယှဉ်ချက်
  • စားသုံးသူကာကွယ်ရေး
    • စားသုံးသူနစ်နာမှုများ တိုင်ကြားရန်
    • စားသုံးသူရေးရာဖြေရှင်းဆောင်ရွက်ပေးမှုများ
    • ကုန်ပစ္စည်းသတိပေးချက်များ
    • ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု
      • စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲဆောင်ရွက်မှု
      • ဓာတ်ခွဲခန်းများ
      • ဓာတ်ခွဲခန်းများအလိုက်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု
      • ပို့ကုန်အရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ
      • နိုင်ငံတကာနှင့်ဒေသအတွင်းသဘောတူစာချုပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း
  • ယှဉ်ပြိုင်မှုမူဝါဒ
  • ကုန်စည်ပြပွဲ
    • ပြည်တွင်းပြည်ပကုန်စည်ပြပွဲများစာရင်း
  • NES အကြောင်းသိကောင်းစရာ
  • Business Visa ထောက်ခံချက် နှင့် OGL အကြောင်း သိကောင်းစရာ
    • Business Visa ထောက်ခံချက်အကြောင်း သိကောင်းစရာ
    • OGL အကြောင်း သိကောင်းစရာ
  • မူပိုင်ခွင့်ဆိုင်ရာအကြောင်းသိကောင်းစရာ
    • စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်းသိကောင်းစရာ
    • တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
    • စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ
    • ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
  • လွတ်လပ်သောကုန်သွယ်မှုဒေသများ
    • အာဆီယံစီးပွားရေးအသိုက်အဝန်း
    • အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ
    • အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသ
    • အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်
    • အာဆီယံ-ဩစတေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ
    • အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုဒေသ
    • ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု
  • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ အစီအစဉ်များ
    • Generalized System of Preferences
    • LDCs-Specific Schemes
  • အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-Tariff Measure- NTMs) နှင့် ပတ်သက်သည့် အချက်အလက်များ
  • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အမျိုးအစားများ (CERTIFICATES OF ORIGIN-COS)
  • ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း
  • ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ
  • ကုန်သွယ်ရေးနှင့်ပို့ဆောင်ရေး
  • စီးပွားရေးအခွင့်အလမ်းများ
  • ပို့ကုန်ဆိုင်ရာ သိကောင်းစရာများ
  • သွင်းကုန်ဆိုင်ရာ သိကောင်းစရာများ
  • EIF အကြောင်းသိကောင်းစရာ
  • Trade Across Border
  • အာဆီယံအဆင့် ပင်ရင်းထုတ်ကုန်ကြေညာသည့်စနစ်
  • အီးယူ GSP အစီအစဉ်၏ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်
  • မြန်မာနိုင်ငံ၏ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များဘဏ္ဍာတိုက် (Myanmar Services Trade & Investment Portal – MSTIP)
© 2024 Ministry of Commerce. All rights reserved.

Privacy Policy