admin_ygn

     မြဝတီ-ရန်ကုန်လမ်းကြောင်း ပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိတဲ့ Mobile Team လရ-၂အဖွဲ့သည် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန် -ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ပြည့် အားမာန်  ခရီးသည်တင်မှန်လုံယာဉ် အမှတ် 9B/xxxx  ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ  ခရီးသည်၊ ခရီးသွား များအသွင်သဏ္ဌာန်မတူခြင်း၊ ခရီးသည် ပစ္စည်းတင် တန်းပေါ်တွင် ခရီးေ ဆာင် အိတ်များ တင်ဆောင်လာခြင်းမရှိဘဲ ရှင်းလင်းနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အသေးစိတ်ဖွင့်ဖောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

admin_ygn

     မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေး အဖွဲ့အစ ည်းများ၊ OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများ၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမှာ  ညှိနှိုင်းဆောင်ရွက်ခဲ့ပါ တယ်။

admin_ygn

   မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်ရေး စခန်း ၁၅ ခုရှိတဲ့အနက် ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလ (ဧပြီ၊ မေ၊ ဇွန်) အတွင်းမှာ ကုန်သွယ်မှုလျာထားချက်အပေါ် အများဆုံးဆောင်ရွက်နိုင်တဲ့ အ ဆင့် (၁)ရရှိပြီး ရာနှုန်းပြည့်ထက် ကျော်လွန်အောင်ဆောင်ရွက်နိုင်သော စခန်းများအလိုက် ထိပ်ဆုံးမှာရှိတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။ ယခုကဲ့သို့ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းဟာ ကုန်သည်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကုန်သည်အသင်း၊ ဌာနဆိုင်ရာတို့ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်နိုင်မှုကြောင့်ဖြစ်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့က ရိဒ်ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာ

admin_ygn

     မူဆယ်-မန္တလေး လမ်းကြောင်းတစ်လျှောက်ရှိ Mobile Team လရ-၁ အဖွဲ့ သည် ဇူလိုင် ၂၃ ရက် နေ့တွင်  မန္တလေး-မူဆယ် လမ်းကြောင်းအတိုင်း ဝင်ရောက် စစ်ဆေးခံတဲ့ Honda CR-V ယာဉ်အမှတ် IE/xxxx  အားစစ်ဆေးရာ ယာဉ်ပေါ်မှ စပယ်ယာဘီးခွက်အတွင်း တရားမဝင်သိုဝှက်တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးအသေး ၁၈ တုံးအား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်အား အဖွဲ့စုံဖြင့် အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်း မှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့တယ်လို့သိရပါတယ်။ ယာဉ်ပေါ်မှ သိမ်းဆည်းရမိ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများနဲ့ မော်တော်ယာဉ်အား အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆ

admin_ygn

     ထိုင်းနှင့်မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဗီဇာ လျှောက်ထားရန်မလိုဘဲ ၁၄ ရက်အထိ ဝင်ရောက်လည်ပတ်ခွင့်ပြုမည့် နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဇူလိုင်လ ၂၈ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ အဆိုပါ သဘောတူစာချုပ်ကို နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်မှုမြှင့်တင်ရန်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ချင်းမိုင်၌ ကျင်းပခဲ့ေ သာ နှစ်နိုင် ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး၌ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mr.Tanasak ကပြောကြားခဲ့ပါသည်။ ဗီဇာကင်းလွတ်ခွင့်

admin_ygn

     ဇူလိုင်လ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တစ်ခုတည်းမှသာ ကန်ဒေါ်လာ ၃ ဒသမ ၈၀၁ သန်း တန်ဖိုး ရှိတဲ့ ပြောင်းဖူးစေ့ ၁၂၆၇၀ တန်သာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ယခင်ရက်သတ္တပတ် က မူဆယ်မှ ၁၉၂၄၀ တန်၊ လွယ်ဂျယ်မှ တန် ၂၀၀၀ နဲ့ ကန် ပိုက်တီးမှ ၅ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် ပြောင်းတင်ပို့မှု ၈၅၇၅ တန်ကျော်လျော့နည်းသွားပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ် တန်ကို ယခင်တစ်ပတ်က ၂၇၅၀၂၁ ကျပ် ရှိရာမှ ယခုတစ်ပတ်တွင် ၃၇၄၈၀၄ ကျပ်သို့ ဈေးပြန်လည်မြင့်တက်လာတာ တွေ့ရပါတယ်။ နေရာအနှံ့ မိုးဆက် တိုက်ရွာသွန်းမှုကြောင့် ပြောင်းသီးနှံကို တ

admin_ygn

     မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတလျှောက်ရှိ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ Mobile Team လရ-၂ အဖွဲ့ သည် ကိုယ်ပိုင်ယာဉ်ငယ်များနဲ့ ခရီးသည်တင် မှန်လုံယာဉ်များပေါ်တွင် နိုင် ငံခြားဖြစ် အရက်၊ ဘီယာများ တင်ဆောင်၍ သယ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသဖြင့် ဇူလိုင်လ ၇ ရက်နေ့ ၀၉း၀၀ နာရီတွင် လရ-၂ အခြေပြုရာ ဖြစ်သော ညောင်ခါးရှည်လမ်းဆုံနဲ့ စစ်တောင်းတံတားသစ်တို့ကြား ရှိ ပြည်ထာင်စုလမ်းမကြီးတစ်လျှောက်နဲ့ ကျေးရွာအဝင်လမ်းတို့အား ကင်းပုန်းစောင့်ကြည့်လျက်ရှိစဉ် ယင်းနေ့ ၁၆း၃၀ ချိန်တွင် ပြည့်အားမာန် ယာဉ်လိုင်း မှန်လုံယာဉ်အမှတ် IA/xxxx သည် စစ်တောင်းတံတားသစ်

admin_ygn

     မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန် ၊ ကော့သောင်းကုန်သွယ်စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ကန်ဒေါ် လာ ၂ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၃၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၆၄၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှု များမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ကဏန်း ၂၈ တန်ခန့် ၊ ငါးမျိုးစုံ ၄၅ တန်ကျော် ၊ ပုစွန် ၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ် နဲ့နှိုင်းယှဉ်ပါက ၁၀ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။

admin_ygn

     မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းတို့မှ ဇူလိုင်လ ၁၈ ရက် မှ  ၂၄ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၂၉ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၄၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၅ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ- မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၆ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၃၁ တန်တင်ပို့တဲ့အတွက် ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁ တန်ကျော် လျော့နည်းပိုမိုတင်ပို့ခဲ့ပါတယ်။

admin_ygn

     မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိ သီတင်းပတ်အတွင်း ရေထွက်ကုန်၊ လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချောတန် ၁၆၀ ေ ကျာ် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းဖိုး တင်ပို့ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ် လာ သုည ဒသမ ၀၀၁ သန်းဖိုးလျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ ရေထွက်ကုန်ပစ္စည်းကတော့ ရေချို(ငါးမြစ်ချင်း) ၈၄ တန်နဲ့ လယ်ယာထွက်ကုန် ပစ္စည်း များဖြစ်တဲ့ မန်ကျည်းစေ့ ၅၆ တန်၊ ချင်း(အစို) ၃ တန်၊ ကွမ်းသီး ၂ တန်နဲ့ စက်မှုကုန်ချောပ