မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းတို့မှ သီဟိုဠ်စေ့၄၃ တန်ကျော်တင်ပို့နိုင်

     မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းတို့မှ ဇူလိုင်လ ၁၈ ရက် မှ  ၂၄ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၂၉ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၄၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၅ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ- မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၆ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၃၁ တန်တင်ပို့တဲ့အတွက် ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁ တန်ကျော် လျော့နည်းပိုမိုတင်ပို့ခဲ့ပါတယ်။
     မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၀၂၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့  ၃ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်းကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၆၉ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၉ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်း ပတ်နဲ့နှိုင်းယှဉ်ပါက ၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။     

 

ခင်မြနွယ်