admin_ygn

တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှု အောက်ရှိMobile Team  အဖွဲ့များအနေ ဖြင့် တရားမဝင် ကုန်သွယ်မှုတားဆီးရေး၊ စားသုံးသူ အကာအ ကွယ်ေ ပးေ ရး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ၁၈း၃၅ နာရီအချိန်တွင် မူဆယ်ကုန်သွယ်ရေးဇုန် ရှိ မူဆယ်ထုတ်နုတ်အင်အား မိုဘိုင်း တင်းမ်မှAsia World Toll Gate အနီး တွင် ယာဉ်အမှတ်၊9A/xxxx (Toyota)  ယာဉ်အား တားဆီးစစ်ဆေးရာ အကောက် ခွန်မဲ့ တင်ဆောင်လာသောDVD Player  များအပြင် ဂြိုလ်တုရုပ်သံဖမ်းစက် Satellite Receiver  ၁၀ခု  Antenna Cable ၄ ကီလို၊ ှSatellite Receiver Head ၁၀ခု၊ စုစုပေါင်း ခန့်မှန်း တန်

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၁၇ ရက်မှ ၂၃ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၅၈၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၅၆၆၅ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၆၈၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

          တစ်ဖက်ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ဆန်များ တရားမဝင် ဝင်ရောက်နေသည့်အတွက် သိမ်းဆည်းလျက်ရှိကြောင်း၊ သယ်ယူသောဆန်အိတ်များမှာ အမှတ်တံဆိပ်၊ အမှတ်အသား မပါရှိသော ပီနံအိတ်များဖြင့် လဲလှယ်ထုပ်ပိုး ၍ သယ်ဆောင်နေသည်ဟု ကြားသိရ ကြောင်း၊ ဈေးနှုန်းသက်သာ၍ စားသုံးသူများက ဝယ်ယူစားသုံးခြင်းမှာ နယ်စပ်မြို့များအနေဖြင့် ပြဿနာမရှိ ကြောင်း၊ ဥပမာ- မယ်ဆိုင်မှ ဆန်ကို တာချီလိတ်ဒေသမှ ပြည်သူများ ဝယ်ယူစားသုံးြ ခင်းမှာ ပြဿနာမရှိသော်လည်း တောင်ကြီးသို့ ရောက်ရှိမလာရန်လိုအပ်ကြောင်း၊ မိုဘိုင်းအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို တားဆီး၍ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှန် ပ

admin_ygn

တနင်္သာရီတိုင်းဒေသကြီး၊ ထား ဝယ်မြို့ ကမ်းနားစည်ပင်သာယာဈေး အား စားသုံးသူဘေးအန္တရာယ် ကင်း ရှင်းရေးအတွက် ထိုင်းနိုင်ငံထုတ် အေးခဲ ကြက်သားများကို စက်တင်ဘာ ၁ ရက် နေ့က ကုန်သွယ်မှု မြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ    တိုင်းဒေသ ကြီးဦးစီးမှူးနဲ့ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး   ဦးစီးဌာနမှ တာဝန်ရှိသူများ၊   မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနဲ့ ဝန်ထမ်း များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူးနဲ့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာ ယာရေးမှ

admin_ygn

ဇူလိုင်လတွင်း မိုးကြီးခြင်းနဲ့ တောင်ကျချောင်းရေများကြောင့် ၉၂ မိုင်အကွာအဝေးရှိ တမူး-ကလေးကားလမ်းပိုင်းတွင် တံတားငါးစင်းပျက်စီး ခဲ့ပြီး ယာဉ်များသွားလာရေး အခက် အခဲ ဖြစ်ေ ပါ် ခဲ့သော်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ အဖွဲ့ (၅)ဖွဲ့ခွဲပြီး တံတားငါးစင်းဘေးတွင် ရှောင်ကွင်းလမ်းများ ဖောက်လုပ်ပေး ခြင်း၊ ယာယီရေနိမ့်တံတားများ ဆောက် လုပ်ပေးခြင်းများရှိခဲ့သဖြင့် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ခရီးသည်ယာဉ် ကားနဲ့ ယာဉ်ငယ်များဖြတ်သန်းသွားလာ နိုင်အောင်  ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ယာယီရေနိမ့်တံတားများ မှာ ချောင်းအတွင်းဆောက်လုပ်ထားတဲ့ တံတားအတိုများဖြစ်ခြင်း၊  မိုးရွာသွန်း လာပါက &nbsp

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် လနောက်ဆုံးပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၈၁၃ သန်းတန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း ၂၀၀၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။  တင်ပို့ခဲ့တဲ့ ပရဆေး အမယ်တွေကတော့ ဆီးခွဲခြမ်း၊ဆီးဆံ၊ဆီးသီးခြောက်၊ဝဥခြောက်၊ကြက်ဆူစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊    နေလဲစေ့၊ သီဟိုဠ်စေ့၊   ကြောင်ပန်းစေ့၊ ဒရင် ကောက်မြစ်၊ တောဂျူးမြစ်၊ တောဂျင်း၊ နနွင်းတက်၊  ကွမ်းသီးခွံ၊ မျှစ်စို၊ ရွေး ရွက်၊ကွမ်းစားဂမုန်းနဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။လွယ်ဂျယ်နယ်စပ် မှ ကန်ဒေါ်လာ သုည   ဒသမ ၀၁၁ သန်းဖိုးရှိ မျောက်ဥခြောက် ၂၆ တန်နဲ့ ချင်းရွှေ ဟော်မှ ကန်ဒေ

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေးစခန်းက သြဂုတ်လ ၁ ရက် မှ ၂၈ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၆၀ သန်း တန်ဖိုးရှိ ကဏန်း မျိုးစုံဖြစ်သော သဲကဏန်း ၂ တန်ကျော် ၊ အေးခဲကဏန်းပျော့ ၆၄ တန်ကျော် နဲ့ ကဏန်းသေး (အသေ) ၆ တန်ကျော်နီးပါး တင်ပို့နိုင်ခဲ့တဲ့အပြင် ကန် ဒေါ်လာ ၅ ဒသမ ၈၃၈ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၄၃၈၇ တန်ကျော်၊ ပုစွန် ၁၁၄ တန်ကျော်၊ ကင်းမွန် ၄ တန်ကျော်၊ ငါးမှုန့် တန် ၉၆၀ ၊ ပုစွန်ခြောက် ၁၀ တန်ကျော်၊ ငါးခြောက် ၆ တန်ကျော်နဲ့ ကင်းမွန်ခြောက် ၁ တန်ကျော် တင်ပို့နိုင်ခဲ့ဲ့အတွက် ရေထွက်ကုန် စုစုပေါင်း ၅၅၅၇ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ၆ ဒသမ ၁၉၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။   

admin_ygn

မောတောင် နယ်စပ်ပေါက်မှ သီဟိုဠ်စေ့ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ ရန် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် လိုအပ်လျက်ရှိတဲ့အတွက် မြိတ် စိုက်ပျိုးရေးဌာန တွင် ထောက်ခံ ချက်တောင်းခံရာမှ ကော့သောင်းစိုက်ပျိုးရေး ဌာနမှသာ ပေးပိုင်ခွင့်ရှိတယ်လို့ သိရတဲ့အတွက် မြိတ်စိုက်ပျိုးရေးဌာနမှာ ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် မြိတ်အခြေစိုက် ကုန်သည် တစ်ဦးက ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ် လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် နို့ဆီ၊ သကြားကဲ့သို့သော စားသောက် ကုန်ပစ္စည်း အချို့တင်သွင်းလိုသူ လုပ်ငန်းရှင်အများအပြားရှိသော်လည်း အခွန်နှုန်းထားမြင့်နေတဲ့အတွက် တင်သွင်းရန် အခက်အခဲဖြစ်တာကြောင့် ဖြေ

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် အတွင်း အမေရိကန်ဒေါ်လာ  ၁၀၇၀၀၀ ဖိုးရှိ ဆီးသီးခြောက် တန်ချိန် ၁၂၀၀ ကို တင်ပို့ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ ကုန်သွယ်ရေးခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၄၀၀ တန်ဖိုးရှိ ဆီးသီးခြောက်တန် ၂၀ တင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ယခင် သီတင်းပတ် က မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးသီးခြောက် ၂၀၂၆ တန် တင်ပို့နိုင်ခဲ့တာကြောင့်  ယခုသီတင်းပတ်မှာ ဆီးသီးခြောက် တန်ချိန် ၈၀၆ တန် လျော့နည်းတင်ပို့ခဲ့ တယ်လို့ ဆိုရပါမယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ယခင်သီတင်းပတ်က ဆီးသီးခြောက် ၅၆ တန် တင်ပို့ ခဲ့လို့ ယခုသီတင်းပတ်မှာတော့ ၃၆ တန်