admin_ygn

      မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၃၈၅၀၁၄ တန်ဖိုးရှိ ငါးစုံလေးခြောက် ၄၆၀၉၀၂ ကီလို၊ ငါးနီတူခြောက် ၉၀၀၀၀ ကီလိုနဲ့ ငါးကုန်းညိုခြောက်ကီလို  ၈၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှာ ယခင်လထက် ငါးခြောက် ၅၉၉၉၈ ဒေါ်လာဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိတဲ့ ပို့ကုန်များမှာ မိုးတွ င်းကာလတွင် ရေငန်ပုစွန်အများဆုံး တင်ပို့သော်လည်း ဆောင်းတွင်းနဲ့နွေရာသီတွင်ငါးခြောက်မျိုးစုံကိုသာ ပိုမိုတင်ပို့လျက်ရှိတယ်လို့  မောင်တောနယ်စပ

admin_ygn

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ပထမ ပတ်တွင် ကန်ဒေါ်လာ ၂၀၂၉၉၆ တန်ဖိုးရှိ ကြက်သွန်နီ ၂၇၄ တန်ခွဲ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က တန် ၂၂၀ သာတင်ပို့ခဲ့လို့ ယခုတစ်ပတ် ကြက်သွန် နီ တင် ပို့မှု ၅၄ တန်ခွဲ  ပိုမိုလာတာတွေ့ရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ ကန်ဒေါ်လာ ၁၃၆၁၂ တန်ဖိုးရှိ ကြက်သွန်နီ ၄၉ တန် ခွဲ တင်ပို့ခဲ့ပါတယ်။ အမြင့်ဆုံးဈေးသို့ရောက်ရှိခဲ့တဲ့ ပြည် တွင်းကြက်သွန်နီဈေးကြောင့် နှစ်စဉ်စိုက်ပျိုးခဲ့တဲ့ တောင်သူဦးရေထက် ယခုနှစ်ကြက်သွန်စိုက်တောင်သူဦးရေ ပိုများနေတယ်လို့ သိရပါတယ်။

 

admin_ygn

ဇန်နဝါရီလ တတိယပတ်တွင်မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလတတိယပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၅၅၇ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၄၆၉၉ တန်ခွဲနဲ့ ချင်းရွှေဟော်မှကန်ဒေါ်လာသု ည ဒသမ ၁၄၂ သန်းဖိုးရှိ ပြောင်း ၆၃၁ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်မှ ၃၀၅၄၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၁၂၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ရဲ့ပြောင်းတင်ပို့မှု လျော့နည်းခဲ့တာတွေ့ရ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးဟာ ယခင်တစ်ပတ်က  ၂၉၂၄၅၆ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၂၉၂၁၇၄ ကျပ်သို့ အနည်းငယ်ကျ ဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်အနေဖြင့် ပြောင်းတစ်တန်ကို ၁၅၆၀ ယွမ် ဈေးရှိကြော

admin_ygn

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်း ရတနာဈေးနှင့် မြသလ္လာဈးများတွင် ဖြန့်ဖြူး ရောင်းချလျက် ရှိသော အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းများကို ဇန်နဝါရီလ ၂၆ ရက် နေ့လယ်က စစ်ကိုင်းတိုင်းဒေသကြီး၊ စား သုံး သူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံ/စီးပွား ဝန်ကြီး ဦးစိန်မောင်းနှင့်အတူ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးခမ်လျန်စွမ်း နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး စီမံကိန်းဦးစီး ဌာန၊ ခရိုင် ပညာရေးမှူးရုံး၊ တိုင်းစက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းသမဝါယမ ဦးစီးဌာန

admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိမူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ ၁၁၈၀၀၀ တန်ဖိုးရှိ ဆီးဆံတန် ၃၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။  ယခင်သီတင်းပတ်က  မူဆယ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၄၀၀ တန်ဖိုးရှိ ဆီးဆံ ၁၆ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုသီတင်းပတ်မှာတော့ ၁၄ တန်ကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။စစ်တွေကုန်သွယ်ရေးစခန်းကတော့ ယခုသီတင်းပတ်မှာ ဆီးဆံ တင်ပို့မှု မရှိသော်လည်း ဆီးဖတ် ၃၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃၇၉၅ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။               &nb

admin_ygn

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ် ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာသီတင်းပတ်အတွင်း ဒေါ်လာ ၈၉၈၁၉ တန်ဖိုးရှိ ငါးစုံလေးခြောက်ကီလို ၁၁၀၄၇၈ ၊ ငါးနီတူ ခြောက် ၃၀၀၀၀ ကီလိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက် ယခုသီတင်းပတ်မှာ ဒေါ်လာ ၂၀၄၀၄ ဖိုးပိုမိုတင်ပို့ခဲ့ပါတယ်။မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင် ပြည်နယ်ထွက် ငါးခြောက်မျိုးစုံ အဓိကတင်ပို့ နေရပြီး ငါးစုံ လေးခြောက်နဲ့ ငါးနီတူခြောက်များမှာ အများဆုံးတင်ပို့တဲ့ ပို့ကုန်များဖြစ်ကြောင်း ငါးခြောက်တင်ပို့သူတစ်ဦးထံမှသိရပါတယ်။ ငါးခြောက်က မိုးတွင်းမှာ တင်ပို့မှုနည်းပါးပြီး ပွင့်လင်း ရာသီတွင် တင

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၂၈၂ သန်း တန်ဖိုးရှိရေထွက်ကုန် ၄၄၁၇ တန်ကျော်တင်ပို့ နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၂၆၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၁၁၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၆၂ တန်ကျော်၊ ကဏန်း ၁၄ တန်ကျော်၊ ပုစွန် ၂ တန်ကျော်တင်ပို့ နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေး စခန်းမှကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၄၆

admin_ygn

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ ဗဟို စီးပွားရေးဇုန်မုခ်ဦး၌ ကျင်းပပြုလုပ်သော မူဆယ်ဗဟို စီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာ အဆင့်မီမင်္ဂလာမူဆယ်လမ်းလျှောက်ဈေးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ် ပေးသည်။ရှေးဦးစွာ မူဆယ်ဗဟိုစီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာအဆင့်မီမင်္ဂလာ မူဆယ်လမ်းလျှောက်ဈေးမုခ်ဦးအား ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီ

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ၁၅ ရက်တာကာလအတွင်းတစ်ဖက်တရုတ်နိုင်ငံသို့ကန် ဒေါ်လာ ၁၀ ဒသမ ၇၁၄ သန်းတန်ဖိုးရှိသကြားဖြူ ၁၉၂၇၈တန်ကျော် တင်ပို့ ခဲ့ပါ တယ်။ တရုတ်နိုင်ငံတွင် နှစ်ကူးရာသီချိန်နီးသဖြင့် တရုတ်ဝယ်လက်ရှိပြီး မန္တလေး ဈေးကွက်မှသကြားများများစွာတင်ပို့နိုင်တယ်လို့သိရပါတယ်။  လက်ရှိမူဆယ်မြို့သို့နေ့စဉ်သကြားအိတ်ရေ ၅၀၀၀၀ ခန့် ပြည်တွင်းမှ ဝင်ရောက် နေတယ်လို့သိရပြီး လက်လီသကြားဈေးကတော့ တစ်ပိဿာလျှင် ၁၄၀၀ ကျပ်ဈေးရှိတယ်လို့ ဘုရင့် နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။               

admin_ygn

ဇန်နဝါရီလပထမပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၄၂၇၅၀ တန်ဖိုးရှိ ငွေချည်-၆ ဝါဂွမ်း ၂၅၇ တန် ကျော်တင် ပို့ခဲ့ပါ တယ်။အောက်တို ဘာ လက ဝါဂွမ်း ၁၅ တန် နောက်ဆုံးတင်ပို့ခဲ့ပြီး ယခု ပြန်လည်တင်ပို့ခဲ့တာ  ဖြစ်ပါတယ်။ ယခင်က ဝါဂွမ်း တစ်တန်ရဲ့ လိုင်စင်ဈေးဟာ ၂၂၀၀ဒေါ်လာဖြစ်ပြီးယခုပြန်လည်တင်ပို့တဲ့  အချိန် မှာတော့တစ်တန်ကို ၂၅၀၀ ဒေါ်လာရှိတယ်လို့သိရပါတယ်။ငွေချည်-၆ ဝါ စိုက်ပျိုးမှုကို တောင်တွင်းကြီး၊ပျော်ဘွယ်၊ ရမည်းသင်း၊ စလေ၊ ချောက်၊ အောင်လံ၊ ပေါင်းတည်နဲ့ ဝက်ထီး ကန်ဒေသ များမှာ အများဆုံးစိုက်ပျိုးကြပြီးတရုတ်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်းသိရ