admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ဧပြီ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်းကန်ဒေါ်လာ ၅ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၆၂၅၄ တန်ေ ကျာ်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၄၁၃၀ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၁၅၂ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၈၂ တန်ကျော်၊ကဏန်းမျိုးစုံ ၂၂ တန်ကျော်၊ငါးရှဉ့် ၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၅ တန်နီးပါးပိုမိုခဲ့ပါတယ်။ ကော့သောင်းကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၆၁ သ

admin_ygn

မူဆယ်နှင့်  မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများ တွင် တရားဝင်တင်သွင်းရန် ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ် များအား ကွန်ပျူတာမှတ်တမ်းများအရ  စိစစ်၍  ခွင့်ပြုပေး လျက်ရှိကြောင်း သိရသည်။ပြီးခဲ့ သည့် မေလ ဆန်း ပိုင်းက မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးစခန်းမှ ၈၀၀၃ စီး၊ မြဝတီကုန်သွယ်ရေးစခန်းမှ ၄၆၃၂ စီးတို့ကို လိုင်စင်များစိစစ်၍ တရားဝင်တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။ယခုအခါတွင် အဆိုပါ စခန်းနှစ်ခုတွင် တရားဝင်တင် သွင်းရန်ကျန်ရှိနေသည့် ယာဉ်ယန္တရားကြီးများအားသက်တမ်း များတိုးမြှင့်၍ တရားဝင်တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၆ ခုနှစ် မတ်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၄ဒသမ၇၄၂ သန်း တန်ဖိုးရှိ ရေထွက် ကုန် ၄၂၁၆ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် နဲ့ နှိုင်းယှဉ်ပါက ၇၅၂ တန်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၆၂ တန်ကျော်၊ ကဏန်း ၂၄ တန်ကျော်နဲ့ ပုစွန်သုံးတန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ငါးတန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၉ သန်း တန်

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၉ ရက်မှ ၂၅ ရက် တာသီတင်းပတ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၈၆၈ သန်း တန်ဖိုးရှိ ပြောင်း ၁၂၂၅၇ တန် တင်ပို့ခဲ့ရာယခင်သီတင်းပတ်က ၁၆၁၆၅ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ ပြောင်းတင်ပို့မှု ၃၉၀၈ တန်လျော့နည်းသွားခဲ့ပါတယ်။ပြောင်းတစ်တန်ကို မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ၂၈၃၁၂၀ ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၂၈၄၆၇၉ ကျပ်သို့ ဈေးမြင့်တက်လာတာကို တွေ့ရ ပါတယ်။ တရုတ်ဘက်မှာပြောင်းသီးနှံကို အဖမ်းအဆီးရှိတာရယ်၊ ယွမ်ဈေး မတည် ငြိမ်တာရယ်နဲ့   ကုန်သယ်ကားခတွေ ဈေးတက်တာရယ်ကြောင့်  ပြောင်းအရောင်း အဝယ် လျော့နည်း သွားရခြင်းဖြစ်တယ်လို့မူဆယ်ကုန်စည်ဒိုင်မှ သတ

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၉ ရက်မှ ၂၅ ရက် တာသီတင်းပတ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၈၆၈ သန်း တန်ဖိုးရှိ ပြောင်း ၁၂၂၅၇ တန် တင်ပို့ခဲ့ရာ ယခင်သီတင်းပတ်က ၁၆၁၆၅ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ ပြောင်းတင်ပို့မှု ၃၉၀၈ တန်လျော့နည်းသွားခဲ့ပါတယ်။

admin_ygn

   လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံကို  တရုတ် ဘက်မှဝယ်လိုအားပုံမှန်ရှိသလိုရောင်းသူကုန်သည်များကလည်းအရောင်းများခဲ့ကြောင်းသိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၄၁၀ ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်မှုများခဲ့ ကြောင်း သိရပါတယ်။

admin_ygn

  ဧပြီ ၁ ရက်မှ ၂၀ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၁၃၄၅၀ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၂၈၅ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူ ၂၀၁၆ ခုနှစ် ဧပြီ  ၁ ရက်မှ ၂၀ ရက် အထိမှာတော့ ၃၉၅ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။၂၀၁၆ ခုနှစ်တွင် နနွင်းတက် တစ်တန်ကို (ငွေလဲနှုန်းအရ) လိုင်စင်ဈေး ၅၅၀ ဒေါ်လာသာရှိခဲ့ပြီး ယခု ၂၀၁၆ တွင် ၇၅၀ ဒေါ်လာအထိ ဈေးမြင့်တက်လာခဲ့ပါတယ်။    

မော်မော်အောင်

 

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၉၈၈၀၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၃၈၀၀၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၈၈၁၈ တန်ဖိုးရှိ ကြက်သွန်နီ ၅၈၂ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။သြင်္ကန်ကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ ထွက်ရှိတဲ့ ကြက်သွန်နီများ နယ်ဈေးကွက်အသီးသီးသို့နေ့စဉ်ဝင်ရောက်လျက်ရှိသဖြင့် ကြက်သွန်နီဈေးများဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ မုံရွာ၊ ပခုက္ကူ၊ မန္တလေး၊ ရှမ်းပြည်နယ်ဒေသများမှထွက်ရှိတဲ့ က