မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ကန် ဒေါ်လာ ၃ ဒသမ ၃၀၅ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၁၀၀ တန်၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၃၂၇၆၀ တန်ဖိုးရှိ ဖရဲသီးတန် ၂၀၀ နဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၁ သန်း တန်ဖိုးရှိ ဖရဲသီး ၃၃၃ တန်ခွဲ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်ကပုံမှန်တင်ပို့ နေကျဖြစ်တဲ့မူဆယ်နယ်စပ်ကသာ ဖရဲသီးတန်ချိန် ၁၇၇၅၀ တင်ပို့ခဲ့တာပါ။မန္တလေးအနီးပတ်ဝန်းကျင်များမှ ဖရဲသီးထွက်ရှိမှုများပြားလာတာကြောင့် တရုတ်ပြည်သို့တင်ပို့တဲ့ ဖရဲသီးဈ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၆ ခုနှစ် မတ် ၅ ရက်မှ ၁၃ ရက်တာကာလအတွင်း ကန် ဒေါ်လာ ၄ ဒသမ ၁၇၀ သန်း တန်ဖိုးရှိ ရေထွက် ကုန် ၄၉၆၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ပါက ၁၆၈၃ တန်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၈၃ တန်နီးပါး ၊ ပုစွန်နှစ်တန်ကျော်နဲ့ကဏန်း ၁၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၅ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစ
မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရေထွက်ကုန် ကန်ဒေါ်လာ ၅ ဒသမ ၅၄၂ သန်းတင်ပို့နိုင်တဲ့အတွက် အနီးစပ်ဆုံးကာလထက် ကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်းပိုမို တင်ပို့နိုင်သလိုယမန်နှစ်ကာလတူထက်လည်း ၂ ဒသမ ၀၄၉ သန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန် ပိုမိုတင်ပို့နိုင်ခြင်းမှာ ရေထွက်ကုန် ပိုမိုတင်ပို့နိုင်၍ ဖြစ်ပါတယ်။ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း တင်ပို့ ခဲ့တဲ့ပစ္စည်းများမှာ ငါးမျိုးစုံ၊ကင်းမွန်၊ အခြားရေထွက်ပစ္စည်း၊ပုစွန်၊ပင်လယ် ငါးရှဉ့်၊ရေဘဝဲ၊ရော်ဘာဖြတ်စ၊ ဆီအုန်းကြိတ်ဖတ်န
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှတစ်ဖက်ဘင်္ဂလားဒေရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၄၉၂၃၈၄ ကျော်တန်ဖိုးရှိ ငါးစုံလေးခြောက် ၅၃၃၇၇၉ ကီလို၊ ငါးနီတူခြောက် ကီလို ၉၀၀၀၀ နဲ့ငါးကုန်းညိုခြောက် ကီလို ၃၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလသည်ယခင်လထက် ငါးခြောက် ကန်ဒေါ်လာ ၁၀၇၃၆၉ ကျော်ဖိုးပိုမိုတင်ပို့ခဲ့ပါတယ်။ မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေရှ်နိုင်ငံသို့ ဒေသ ထွက်ငါးခြောက်မျိုးစုံ အဓိကတင်ပို့နေရပြီး ငါးစုံလေးခြောက်နဲ့ ငါးနီတူခြောက်များမှာ အများဆုံးတင်ပို့တဲ့ ပို့ကုန်ပစ္စည်းများဖြစ်ပြီး
မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်ကုန်သွယ်ရေးဇုန်မှ ဖေဖေါ်ဝါရီ ၂၇ ရက်မှ မတ် ၄ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၂၇၂ သန်းတန်ဖိုးရှိ ဆီးဆန် ၆၇ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီ တင်းပတ်က မူဆယ်ကုန်သွယ်ရေးဇုန်အနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၆၆ သန်းတန်ဖိုးရှိ ဆီးဆန် တန် ၄၀ ကျော်တင်ပို့ခဲ့တာမို့ယခုသီတင်းပတ်မှာတော့ ၂၆ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။စစ်တွေ ကုန်သွယ်ရေး စခန်းကတော့ ယခု သီတင်းပတ် မှာ ဆီးဆန်တင်ပို့မှု မရှိသော်လည်း ဆီးသီးခြောက် ၈၄ တန်၊ ဆီးဖတ် ၆၂ တန်နဲ့ ဆီးယိုထုတ်တန် ၄၀ ၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၀၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လ
မြန်မာ-ထိုင်းနယ်စပ်ရှိမြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၃၂၃ သန်းတင်ပို့နိုင်တဲ့အတွက်ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၉၀၀ သန်းပိုမို ဆောင်ရွက်နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်တော့ ၂ ဒသမ ၀၀၃ သန်းလျော့နည်းဆောင်ရွက်ခဲ့ပါတယ်။ယမန်နှစ်ကာလတူထက် ပို့ကုန်ပိုမိုတင်ပို့နိုင်ရခြင်းမှာ ရေထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်းပိုမိုတင်ပို့နိုင်လို့ဖြစ်ပါတယ်။ မြိတ်ကုန် သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း တင်ပို့နိုင်တဲ့ပစ္စည်းများမှာ လယ်ယာထွက်ကုန်အနေနဲ့ ရော်ဘာ MSR -၂၀ တန် ၁၀၀၊ ရော်ဘာRSS-၃ ၁၅၅ တန်၊ ရေထွက်ပစ္စည်းအနေနဲ့ ငါးမျိုးစုံ ၄၈၃၈
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၇၉ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်တဲ့ အေးခဲကဏန်းပျော့ ၅၈ တန်ကျော်၊ ကဏန်းနီ၅၁ တန်ကျော်၊ ကဏန်း သေး (အသေ)ငါးတန်ကျော်နဲ့ သဲကဏန်းနှစ်တန်ကျော်စုစုပေါင်း ၁၁၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ၅၄ တန်ကျော်ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါက ၂၄ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါ တယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီအတွင်း ကဏန်းမျိုးစုံအပြင် ကန်ဒေါ်လာ ၁၁ ဒသမ ၁၈၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၄
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းသီးနှံအနေဖြင့် တစ်ပတ်အတွင်း တန်ချိန် ၁၇၀၀၀ နီးပါးဝင်ရောက်ခဲ့သလို တရုတ်ဘက်ကလည်း အရည်အသွေးပေါ်မူတည်ပြီးဝယ်လိုအား ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ၅၀ ကီလိုတစ်အိတ်ကို ၇၈ ယွမ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းအဝင်နည်းပေမယ့် တရုတ်ဘက်ကတော့ ဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာကို၄၃၀ ကျပ် ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၁၁ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်းဈေးကွက်အတွင်းမှ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၆၅ သန်းတန်ဖိုး ရော်ဘာ ၃၇၃ တန် ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင်မှ RSS-3 တန် ၂၀၀၊ MSR- 20 ၁၀၇ တန်နဲ့ ချင်းရွှေဟော်စခန်းမှ RSS-၃၆၆ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် ၁၉၂ တန် လျော့နည်းခဲ့ပါတယ်။ ရော်ဘာတင်ပို့မှု လျော့ကျ သ လို ရော်ဘာဈေးလည်း အနည်းငယ်ကျပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ရော်ဘာတစ်တန်ကို ၁၃၆၈၄၀၆ ကျပ်ရှိပြီး ယခုတစ်ပတ်မှာ ၁၃၂၄၀၉၅ ကျပ်သာရရှိပါတယ်။