admin_ygn

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ် ရေးကဏ္ဍ၌ ကုန်ပစ္စည်းဖလှယ်တဲ့စနစ် (Barter System) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှစတင်ရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်ခွင့်ပြုသည့် ငွေကြေးဖြင့် ပုံမှန် ကုန်သွယ်မှု(Normal Trade) ပြုလုပ် မည်ဖြစ်ကြောင်း အိန္ဒိယဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်သဖြင့် ကုန်သွယ်မှု များ ယာယီရပ်ဆိုင်းခဲ့ရတယ်လို့ ဇန်နဝါရီလ ၅ ရက်ကပြုလုပ်တဲ့ တမူး ကုန်သွယ်ရေးစခန်းကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံကပြောကြားလိုက်ပါတယ်။လက်ရှိကုန်သွယ်မှုအရ နှစ်နိုင်ငံကုန်သည်များဆာင်ရွက်နိုင်မယ့်ဘဏ်လုပ် ငန်း ပိုင်းမှာ တမူးမြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ LC/TT စနစ်ဖြင့် ဆောင် ရွက်ရန်အဆင်သင့် မဖြစ်သေး၍ ကုန် စည်

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဖရဲသီး ၅၂၆၇၄ တန်ခွဲ၊ သခွားမွှေး ၉၈၉၆ တန်ခွဲ၊နာနတ်သီး ၁၇၆ တန်ခွဲနဲ့ ဆီးသီးတန် ၃၅၀ တို့ကို ကန်ဒေါ်လာ ၇ ဒသမ ၃၃၉ သန်းဖိုး တင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ ၆ ဒသမ ၀၃၄ သန်းဖိုးရှိ ပန်းသီး၊ လိမ္မော်သီးနဲ့ ပန်းသစ်တော်သီး တန်ချိန် ၁၆၉၀၀ တန်ခန့် တင်သွင်းမှုရှိခဲ့ ပါတယ်။ ကန်ပိုက်တီးကုန်သွယ်ရေးစခန်းကတော့ကန် ဒေါ်လာ ၆၀၇၀ တန်ဖိုးရှိလိမ္မော်သီး ၁၇၃၅၀ တန်နဲ့ ကန်ဒေါ်လာ၄၀၂၇ တန်ဖိုးရှိ ပန်းသီး၈၉၅၀တန်တင်သွင်းခဲ့တာတွေ့ရ ပါတယ်။

admin_ygn

ကုန်သွယ်ရေးစခန်းများမှဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ရော်ဘာတင်ပို့မှုမှာ ၈၄၂ တန်ကျော်ဖြစ်ပြီး၊ တန်ဖိုးမှာကန်ဒေါ်လာသုည ဒသမ ၈၁၈သန်းဖြစ်ပါ တယ်။စခန်းအလိုက် တင်ပို့မှု မှာ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ RSS-3 ၄၅၆ တန်ကျော်၊MSR- 20  ၇၂ တန်ခန့်၊ MSR- 50 တန် ၁၅၀၊ချင်းရွှေဟော်စခန်းမှ RSS-3 ၁၆၄ တန်ဖြစ်ပါတယ်။ ဒီဇင်ဘာတစ်လလုံး တင်ပို့မှုကတော့ ကန်ဒေါ်လာ ၆ ဒသမ ၅၁၇ သန်းဖိုးရှိ ရော်ဘာတန်ချိန် ၆၇၂၈ တန်ကျော်ဖြစ်ပါတယ်။ အနီး စပ်ဆုံး နိုဝင်ဘာလထက် တန် ၂၄၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ယခုဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလထိ ကန်ဒေါ်လာ ၁၆ ဒသမ ၃၀၈ သန်းဖိုးရှိ ရော်ဘာ ၄၀၂၇၄ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယမန်နှစ်ကာလတူကတေ

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၂၄၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၃၃၉ တန်ကျော် တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၄၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၆ မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိ သီတင်းပတ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၂၈၅၁၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၂၉၈၀ တန်  လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်း ဆန်ဈေးနှုန်း မှာဧည့်မထ ၅ မှတ် တစ်တန်လျှင်ကျပ် ၅ ဒသမ ၅၅ သိန်း၊ ၁၀ မှတ် ကျပ် ၅ ဒသမ ၄၇ သိန်း၊ ၂၅ မှတ် ကျပ် ၅ ဒသမ  ၀၇ သိန်း၊ငစိန် ၁၅ မှတ် ကျပ် ၅ ဒသမ ၃၁ သိန်း၊ ၂၅ မှတ် ကျပ် ၅ ဒသမ ၇ သိန်း  အသီးသီးဈေးပေါက်ပြီး တစ်ဖက်နိုင်ငံ ရွှေလီဆန်ဈေးမှာ ဧည့်မထ ၅ မှတ် ၂၈၂၀ ယွမ

admin_ygn

မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဒီဇင်ဘာလ ၁၉ ရက်မှ ဒီဇင်ဘာလ ၂၅ ရက် ထိကာလ အတွင်း မှာ ကန်ဒေါ်လာ ၂ ဒသမ ၅၁၄ သန်းဖိုးရှိ ရေထွက်ကုန် ၁၆၆၁တန် ကျော် တင်ပို့ခဲ့ပြီး၊ တင်ပို့တဲ့ အမယ်တွေ ကတော့ ကဏန်း ၂၄၄ တန်၊ ငါးရှဉ့် ၄၄ တန်၊  ရေခဲငါးတန် ၁၉၀ ကျော်၊    ငါးလေးခြောက် ၆၉၆ တန်၊ ငါးဆားနယ် ၈၈ တန်၊ငါးကြင်းစီဖောင်း တစ်တန် ကျော်၊ ငါးဟောက်အရှင်လေးတန်၊ ကင်းမွန်ခြောက် ၂၉၄ တန်၊ ငါးခြောက် ၁၉ တန်၊ ပုစွန်ခြောက် တန် ၇၀၊ ငါးပူ တင်းရေခွံခြောက်ရှစ်တန်ခန့်နဲ့ ငါးလိပ် ခြောက် ရေခွံခြောက် နှစ်တန်ခန့်ဖြစ်ပါ တယ်။ ယခုတစ်ပတ်မှာ ကဏန်းတင်ပို့မှု ပုံမှန်ရှိပြီး၊ ငါးရှဉ့်တင်ပို့မှု တန် ၂၀ ခန့် လျော့ကျခဲ့ပါတယ်။

admin_ygn

ဝဥသည် သွေးတိုး၊ဆီးချို၊နှလုံးရောဂါ၊အူမကြီးရောဂါ၊အဝလွန်ရောဂါတွေကို တိုက်ဖျက်ကာကွယ်ပေး ပါတယ်။ ယနေ့ခေတ်အချိန်အခါတွင် ပူပြင်းခြောက်သွေ့ တဲ့ဒေသတွေကလွဲပြီး စိုက်ပျိုးအောင်မြင်နိုင်တယ်လို့ သိရပါတယ်။မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက် ဆုံးပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၉၈ တန်ခွဲထိ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်က တန် ၆၀ သာတင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်ရဲ့ ဝဥ ပိုမိုတင်ပို့လာတယ်လို့ ဆိုရပါမယ်။  ဒီဇင်ဘာလတစ်လလုံး မူဆယ်မှ တရုတ်ပြည်သို့ ဝဥခြောက် ၂၈၈ တန်ခွဲတင်ပို့ခဲ့ပါတယ်။မြေဆီမြေနှစ်ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ ၁၃ ပိဿာအထိ ထွ

admin_ygn

အောက်တိုဘာလ  လဆန်းပိုင်းက  မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းတွင် စားသုံးသူအကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်ေ နသော လှုပ်ရှား-၂ အဖွဲ့သည် ထိုင်းဆန်လို့ ယူဆရသော ဆန်အိတ် ၈၄၀ ကျော်ကို လှုပ်ရှား-၂ သို့ဝင်ရောက်  အစစ်ဆေး ခံသော ယာဉ်များပေါ်မှ  စစ်ဆေးတွေ့ရှိတဲ့အတွက်  ယာယီတားဆီးထား ခဲ့ရပါတယ်။အိမ်နိးချင်းနိုင်ငံမှဆန်လို့ယူဆရတဲ့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသို့  နမူနာပေးပို့၍  အရည်အသွေးစစ်ဆေးခြင်း၊  (DNA) စစ်ဆေးခြင်းများကို ဆောင် ရွက်ေ ပး ရန်  ညှိနှိုင်းခဲ့ကြပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာန(နေပြည်တော်)ရုံးချ

admin_ygn

နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကာလအတွင်းမှာ ကုန်သွယ်ရေးစခန်းများမှ  ကန်ဒေါ်လာ သုည ဒသမ ၉၆၉  သန်းဖိုးရှိ ရော်ဘာ ၉၁၅ တန်တင်ပို့ခဲ့ပြီး မူဆယ် (၁၀၅) မိုင်မှ RSS-3   ၇၁၇တန်၊ ချင်းရွှေဟော်စခန်းမှ RSS-3 ၈၅ တန်၊ တာချီလိတ်စခန်းမှ RSS-3   တန် ၅၀ နဲ့ လွယ်ဂျယ်မှ ၆၂ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ် ပတ်တင်ပို့မှုထက် ၂၈၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုတစ်ပတ်မှာ မူဆယ်ကုန်စည်ဒိုင်မှ ရော်ဘာဈေးမှာ အနည်းငယ်ကျလာပါတယ်။ ယခင်တစ်ပတ်က ျွှ-၃ တစ် တန်ကို ၁၅၉၉၈၉၉ ကျပ်မှ ယခု တစ်ပတ်မှာ  ၁၅၉၃၄၈၇ ကျပ်သို့ ကျလာခဲ့ပါတယ်။ ပြည်တွင်းဒေသပေါက်ဈေး များလည်းကျလာကြောင်းသိရှိပါတယ်။ မြိတ်မှာ

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့ သောင်းနဲ့   မြိတ်ကုန်သွယ်ရေးစခန်းတို့မှ   ကန်ဒေါ်လာ ၃ ဒသမ ၆၇၁ သန်းတန်ဖိုးရှိ  ရေထွက်ကုန် ၃၄၇၄ တန်ကျော် တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၈၈၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်း တန်ဖိုးရှိ ရေထွက်ကုန် များဖြစ်သော ငါးမျိုးစုံ ၆၃ တန်နီးပါး ၊ ကဏန်း ၂၅ တန်ကျော် နဲ့  ပုစွန် ၂ တန်ကျော်  တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၂၀ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။