admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းများမှ သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၂၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၇၄၅ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၆၅ တန် ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။စခန်းအလိုက် တင်ပို့နိုင်မှုများမှာ-မြဝတီ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၆၄ တန်ကျော်၊ ကဏန်း ၂၈ တန်ကျော်နဲ့ ပုစွန် ၁ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လ

admin_ygn

သြဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှု ကြောင့် လမ်းတံတားများ ပျက်စီးခဲ့ပြီး ကုန်သွယ်မှု ပြတ်တောက်ခဲ့ရတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ် လမ်းများ ပြန်လည် သွား လာနိုင် ပြီဖြစ်ကြောင်း ဒေသခံ ယာဉ်လိုင်းများထံမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီးကလေးမြို့မှ ချင်းပြည်နယ် ရိဒ်ခေါဒါရ်သို့ ဟိုင်မွှာလ်ဂျစ်ကားငယ်များနဲ့ သယ်ယူပို့ဆောင်နေရ တာကြောင့် ကုန်စည်တင်ပို့ခဈေးနှုန်းများ မြင့်တက်ခဲ့ ကြောင်း ရိဒ်ခေါဒါရ်မြို့ရှိ ကုန်သည်များနဲ့ ယာဉ်လိုင်း များထံမှ သိရပါတယ်။ချင်းပြည်နယ်တွင်း မိုးရွာသွန်းမှု ကြောင့် ကားလမ်းများ မပျက်စီးမီက ရိဒ်ခေါဒါရ်သို့ တင်ပို့ရတဲ့ ကွမ်းသီးတစ်အိတ်ကုန်တင်ခနှုန်းသည် ကျပ် တစ်သောင်းခန့်သာ

admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ  ၁ ဒသမ ၉၉၈ သန်းဖိုးရှိတဲ့ ရေထွက်ကုန် ၈၆၄ တန်ကျော်ကို သြဂုတ် လ ၁၅ ရက်မှ ၂၁ ရက် နေ့ထိ ကာလအတွင်းမှာ တရုတ်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့တဲ့ ရေထွက်ကုန်တွေကတော့ ကဏန်း ၃၃၈ တန်ခန့်၊ ငါးရှဉ့် ၂၄၅ တန်ကျော်၊ ရေခဲငါး ၉၆ တန်ကျော်၊ ငါးမှုန့် ၃၄ တန်၊ ငါးလေးခြောက် ၁၇ တန်၊ ငါးဆားနယ် ၂၆ တန်၊ ငါးစီဖောင်း တန်ဝက်ကျော်၊ ငါးကြင်းစီဖောင်း ၄ တန်ကျော်၊ ရေခဲ ပုစွန် ၂၉ တန်ကျော်နဲ့ငါးဟောက်အရှင် ၄ တန်ကျော် ဖြစ်ပါတယ်။ မူဆယ်မှ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၃၄ တန် ခန့် ပိုမိုတင်ပို့

admin_ygn

       သြဂုတ် ၁၅ ရက် ၂၃း၂၀ ချိန်ခန့်မှာ ယာဉ်အမှတ် တပ်ဆင်ထားခြင်းမရှိသလို တရားဝင် စာရွက်စာတမ်းလည်း တင်ပြနိုင်ခြင်းမရှိတဲ့ ယာဉ်မှတ်ပုံတင်မထားတဲ့ Nissan LIDX UD   တစ်စီး၊ Concrete Mixer Truck   နှစ်စီး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၈၀၀ စီ ၊ စုစုပေါင်း ကျပ်သိန်း ၁၆၀၀ တန်ဖိုးကို နောင်ချို Asia World  ယာယီအခြေပြု  Mobile Teamအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

admin_ygn

      သြဂုတ်လ ၁၄ ရက် ဝရး၅၀ ချိန် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီးယာဉ်အား နောင်ချို ယာယီအခြေပြု Mobile Team အဖွဲ့က ရပ်တန့်စစ်ဆေးစဉ် ပြောင်းဖူးစေ့အိတ် များဖုံးအုပ်သိုဝှက် တင်ဆောင်လာ တဲ့ တမလန်းသစ်များကို စစ်ဆေးတွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ခေါင်းခန်းကို စစ်ဆေးရာမှာ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ့်ရှစ်သောင်းခြောက်ထောင် ကျပ်ကို ထပ်မံတွေ့ရှိရတယ်လို့သတင်းရရှိပါတယ်။

admin_ygn

     စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၏ တမူး-ကလေးကားလမ်းပိုင်းသည် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ကာ ချောင်းရေစီးကြမ်းမှုကြောင့် တံတား ၄ စင်းဖြစ်တဲ့ တွီဗန်တံတား၊ ကမ္မကြီးတံတား၊ ကနန်တံတား၊ ခမ်းပတ်တံတားများမှာ ပျက်ဆီးချို့ယွင်းမှုများဖြစ်ပေါ် ပြီး ယာဉ်များသွားလာနိုင်ခြင်းမရှိတဲ့အတွက် ကုန်သွယ်မှုရပ်တန့်သွားတယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေးမှ သိရပါတယ်။ ကုန်သွယ်မှုရပ်တန့်မှုကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ရှိ နန့်ဖာလုံဈေးကိုလည်း နှစ်ပတ်ကျော်သည်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း၊ နန့်ဖာလုံဈေးသူဈေးသားများထံမှ စုံစမ်းသိရှိရပါတယ်။ ပြည်တွင်းမှ ပုံမှန်တင်သ

admin_ygn

        ရေဘေးကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ်ပေါ်မှ အကောက်ခွန်မဲ့တင်ဆောင်လာသော ကားအလှဆင်ပစ္စည်းများကို Mobile Team အဖွဲ့က  စစ်ဆေးတွေ့ရှိခဲ့တဲ့သတင်းကို ဖတ်လိုက်ရတော့ ဖြူစင်တဲ့ ကု သိုလ်အမှုပြုလုပ်တာကို ဘာကြောင့် တရားမဝင်လို့ဘဲပြောပြော မှောင်ခိုလုပ်တယ်ပဲဆိုဆို အနက်ရောင်မဆိုးသင့်ဘူး၊ အဖြူကို အနက်မဆိုးသင့်ပါလို့ တီးတိုးရေရွတ်မိလိုက်ပါတယ်။

admin_ygn

     ၂၀၁၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ ၁၂း၃၀ ချိန်က ခန့်မှန်းတန်ဖိုးကျပ် ၃၃၈ သိန်းတန်ဖိုးရှိ Beer နဲ့ Sprite အချိုရည် ပုလင်း ၄၄၅၉၂ ကို ရွှေပြည်သာမြို့နယ် အမှတ်(၄)ရပ်ကွက်၊ သာဓုကန်စက်မှုဇုန်အနီး   ကွန်ကရစ်ခင်းဒေါ နလမ်းသွယ်ပေါ်မှာ  ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်တဲ့ Mobile Team အဖွဲ့က လမ်းကြိတ်စက်ဖြင့်နင်း ကြိတ်ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ကြီးကြပ် မှုနဲ့ ကုန်သွယ်မှုလမ်း ကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ကမ်းရိုးတန်းဆိပ်ကမ်းများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနဲ့ နှစ်နိုင်ငံနယ်စပ်ရှိ ကုန်သွယ်ရေး စခ