Mobile Team မှ ဖမ်းဆီးထားခဲ့သော Beer နဲ့ Sprite အချိုရည်များအား ဖျက်ဆီးမှုပြုလုပ်

     ၂၀၁၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ ၁၂း၃၀ ချိန်က ခန့်မှန်းတန်ဖိုးကျပ် ၃၃၈ သိန်းတန်ဖိုးရှိ Beer နဲ့ Sprite အချိုရည် ပုလင်း ၄၄၅၉၂ ကို ရွှေပြည်သာမြို့နယ် အမှတ်(၄)ရပ်ကွက်၊ သာဓုကန်စက်မှုဇုန်အနီး   ကွန်ကရစ်ခင်းဒေါ နလမ်းသွယ်ပေါ်မှာ  ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်တဲ့ Mobile Team အဖွဲ့က လမ်းကြိတ်စက်ဖြင့်နင်း ကြိတ်ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ကြီးကြပ် မှုနဲ့ ကုန်သွယ်မှုလမ်း ကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ကမ်းရိုးတန်းဆိပ်ကမ်းများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနဲ့ နှစ်နိုင်ငံနယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများအနီး ပတ်ဝန်းကျင်မှာ Mobile Team အဖွဲ့များနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးအတွက် တရားမဝင်ပစ္စည်းများ၊ စားသောက်ကုန်များအား စိစစ်တားဆီးဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိမှုများအပေါ် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ပင်လ ယ်ရေကြောင်း အကောက်ခွန်ဥပဒေများအရ အရေးယူဆောင်ရွက်လျက်ရှိနေပါတယ်။
     ယခုဖျက်ဆီးခဲ့တဲ့ Beer နဲ့ Sprite အချိုရည်များကို ၂၀၁၃ ခုနှစ်အောက်တိုဘာလ ၉ ရက် ၁၃း၃၀ အချိန်မှာ ရွှေပြည်သာစက်မှုဇုန် (၂)နယ်မြေ၊ သံချပ်ဝန် ဦးညွှန့်လမ်း ၊ ခြံအမှတ် xxx ရှိ ပန်ဒါအရက်ပုလင်းသွပ်စက်ရုံသိုလှောင် ရုံများအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ တစ်ဖက်နိုင်ငံလုပ် Chang Beer  (500 ml,330ml) ၃၇၀ ဖာ၊ Diablo Beer ၅၀၀ ml ၂၄၀ ဖာနဲ့ Sprite အချိုရည် ဖာ ၅၀ တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရဲစခန်းသို့ သက်သေခံပစ္စည်း များအဖြစ် အပ်နှံပြီး ရွှေပြည်သာမြို့နယ် တရားရုံးသို့ ပို့ကုန်သွင်းကုန်ဥပဒေ ၂၀၁၂ ပုဒ်မ ၈ ဖြင့် အမှုဖွင့်ခဲ့ရာ တရားဥပဒေကြောင်းအရ တရားခံဖြစ်သူကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး သက်သေခံပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ်   သိမ်းဆည်းရန် စီရင်ချက် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Beer နဲ့ Sprite အချိုရည်များကို ယခုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

 

MIRT