မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းမှ ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိ ရက်သတ္တပတ်အတွင်း ဆန်တန်ချိန် ၂၃၀၄၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈ ဒသမ ၄၄၄ သန်းဖိုးဖြစ်ပြီး၊ ယခင်တစ်ပတ်တင်ပို့မှုထက် ၄၃၈ တန် ပိုခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှု တွေကတော့ မူဆယ်(၁၀၅)မိုင်မှ ငစိန်ဆန် ၁၄၇၁၄ တန် ၊ ဧည့်မထ ၆၁၉၈ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၂၁၃၀ တန်ကျော်ဖြစ်ပါ တယ်။တရုတ်နိုင်ငံကို နယ်စပ်စခန်းများမှ ဆန်တင်ပို့မှုမှာ တစ်ရက်လျှင် တန်ချိန် ၃၀၀၀ ကျော်လောက်ပုံမှန်တင်ပို့မှုရှိနေကြောင်း သိရပါတယ်။
ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်း တန်ဖိုးရှိ သကြားဖြူ ၁၀၇၁ တန် တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်ထက် သကြား ဖြူ ၃၄၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ယခုသီတင်းပတ်မှာ သကြားဖြူ အပြင် သကြားညို ၁၈ တန်ကိုလည်း တင်ပို့ခဲ့လို့ သိရပါတယ်။သကြားဖြူတစ်တန်ရဲ့လိုင်စင် ဈေးက ဒေါ်လာ ၆၀၀ ဖြစ်ပြီး သကြား ညိုကတော့ ၅၈၀ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။
မြင့်မြင့်မာ
နောင်ချိုမြို့အနီး ယာယီအခြေပြုလုပ်ငန်းများ ဆောင် ရွက်လျက်ရှိတဲ့ အဖွဲ့နေရာသို့ ဝင်ရောက်လာသော ယာဉ်များ ကို စစ်ဆေးစဉ် လိုင်စင်/IDတို့မှာ ကြေညာထားခြင်းမရှိတဲ့ အဝတ်အထည်နဲ့ လုပ်ငန်းသုံး ကုန်ကြမ်းများကို စစ်ဆေး တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့ပြေးသတင်းရရှိပါတယ်။သိမ်းဆည်းရမိပစ္စည်းများမှာSport Shirt ၃ ထုပ်၊ Lady Blouse ၁ ထုပ်၊ဘောင်းဘီတို ၃ ထုပ်၊ Sling Bag၁ ထုပ်နဲ့ ကျောက်ဖောက်စက်၂ ခုတို့ ဖြစ်ကြပါတယ်။
MIRT
နောင်ချို Asia World Toll Gate အနီး ယာယီအခြေစိုက် လရ-၁အဖွဲ့မှ တာဝန်ထမ်းဆောင်စဉ် ဇွန်လ ၁၄ ရက် ၀၈း၃၀ မှ ၁ရး၀၀ ချိန်ထိကာလအတွင်းမှာ ယာဉ် လေးစီးရဲ့ ဝမ်းဗိုက်အောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံ ၁၁၁၅ ကီလိုဂရမ် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၁၁၅ ၊ လက်ကောက်ကွင်း အရွယ်စုံ ၃၀ ကီလိုဂရမ် ၊ ခန့်မှန်း တန်ဖိုးကျပ် သိန်း ၃၀ ကို Mitsubishi Extra Cab, AD Van,Nissan Van(Wingroad)နဲ့ Odyssey ယာဉ်များပေါ်မှ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ကျောက်များကို တင်ဆောင်လာတဲ့ယာဉ်များ ကျောက်များနဲ့အတူ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၆၃၀ ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ အကေ
မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်မှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေသော လရ-၁ အဖွဲ့ ညွှန်ကြားရေးမှူးဦးစီး၍နောင်ချို Asia World Toll Gate အနီးတာဝန်ထမ်းဆောင်နေစဉ်မေလ ဒုတိယပတ်အတွင်းက ခန့်မှန်းတန်ဖိုးကျပ် ၁၁၆ ဒသမ ၁၅၀ သန်း တန်ဖိုးရှိ ပိတောက်ခွဲသား ၃၈ ချောင်း(သုည ဒသမ ၀၇၆ တန်)၊ တမလန်းဓားရွေ ၁၀ ချောင်း(သုည ဒသမ ၃၂၇ တန်)၊ သစ်ခွအစို ၅ အိတ် (၇၉ ပိဿ ာ)၊ သစ်ခွအခြောက် ၅ အိတ် (၁၁၃ ပိဿ ာ) အား သိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီးနောက် သစ်တောဦးစီးဌာနသို့ လွှဲပြောင်
မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လရ-၁ အဖွဲ့သည် အေးရှားဝေါလ်တိုးဂိတ်အနီး ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ် မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မေလ ၁၇ ရက် ၁၁း၀၀ ချိန်ခန့်မှာ မူဆယ်မှ မန္တလေးသို့ ဦးတည်သွားနေသော 7H/xxxx ယာဉ်အားစစ်ဆေးခဲ့ရာမှာ ဂျူတီနဲ့ သယ်ဆောင်လာသော ဓါတ်မြေသြဇာအပြင် မော်တော်ဆိုင်ကယ် (၄) စီးကို တရားမဝင်သယ်ဆောင်လာမှုခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရှေ့ပြေးသတင်းများအရသိရှိခဲ့ရ ပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၁၅ ရက်ထိ ပို့ကုန်ဒေါ် လာ ၅၈၈ သန်းကျော်နဲ့ သွင်းကုန်ကန်ဒေါ်လာ ၁၆၆၁ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ရာ ကုန်သွယ် မှုပမာဏမှာကန်ဒေါ်လာ ၂၂၅၀ သန်းကျော်ဖြစ်ပါတယ်။ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက နယ်စပ်မှ ပို့ကုန်ရော သွင်းကုန်ပါ ကန်ဒေါ်လာ ၁၃၇ သန်းကျော်ပိုမို ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်မှာ ကန်ဒေါ်လာ ၇၁ သန်းကျော်နဲ့ သွင်းကုန်မှာ ဒေါ်လာ ၆၆ သန်းနီးပါး ဖြစ်ပါ တယ်။ ပင်လယ်ရေကြောင်းမှ ကုန် သွယ်မှုမှာ ပို့ကုန်ရော သွင်းကုန် ပါလျော့နည်းခဲ့ပြီး ကန်ဒေါ်လာ ၂၅၅ သန်းကျော်လျော့နည်းခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက မေလ ၉ ရက် မှ ၁၅ ရက်ထိကာလအတွင်း ရေထွက်ကုန် လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော ၁၉၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၇၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၈၁ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၉၀သန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာ ရေထွက်ကုန်တင်ပို့မှုရှိခဲ့တဲ့အတွက်တင်ပို့မှုပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။
မေ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၀ သန်းဖိုးရှိ ရော်ဘာ ၁၃၉၇ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ ရော်ဘာများကတော့ RSS-1 ၂၇ တန်ကျော်၊ RSS-3 ၁၀၅၂ တန်၊ RSS-5 ၁၆ တန်၊ MSR-20 ၂၅၂ တန်၊ MSR-50 တန် ၅၀ ခန့်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ် (၁၀၅) မိုင်မှ ၁၃၆၄ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၃ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မေလ ၁ ရက် မှ ၁၅ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၉၉ သန်းတန်ဖိုးရှိ သကြားဖြူ ၆၁၆၄တန်ခွဲ ကန်ဒေါ်လာ သုည ဒသမ ၆၆၄ သန်းတန်ဖိုးရှိ သကြားညို ၁၁၄၄ တန် ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာတော့ သကြားဖြူ ၁၆၁၈၀ တန်ခွဲနဲ့ သကြား ညို ၃၂၂ တန် တင်ပို့ ခဲ့တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်ရှိချိန်ဆိုလျှင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင် သကြားပိဿာဝင်အိတ်ရေ ၃၀၀၀ ကျော်ခန့်တင်ပို့နိုင်ပြီး ပြည်တွင်းအတွက် စားသုံးရန် လုံလောက်တာကြောင့် ယခုလိုပြည်ပသို့တင်ပို့နိုင်ကြောင်း၊ တရုတ်နိုင်ငံသို့ သကြားကို အကြမ်းရော အနုပါပို့ရတော့အဆင်ပြေတယ်လို့ မြန်မာနိ
