ဘဏ္ဍာနှစ်စမှ မေလ ၁၅ ရက်ထိ နယ်စပ်မှကုန်သွယ်မှုက ကာလတူထက်ပိုမိုခဲ့သော်လည်း ပင်လယ်ရေကြောင်းမှကုန်သွယ်မှုလျှော့နည်း

   ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၁၅ ရက်ထိ ပို့ကုန်ဒေါ် လာ ၅၈၈ သန်းကျော်နဲ့ သွင်းကုန်ကန်ဒေါ်လာ ၁၆၆၁ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ရာ ကုန်သွယ် မှုပမာဏမှာကန်ဒေါ်လာ ၂၂၅၀ သန်းကျော်ဖြစ်ပါတယ်။ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက နယ်စပ်မှ ပို့ကုန်ရော သွင်းကုန်ပါ ကန်ဒေါ်လာ ၁၃၇ သန်းကျော်ပိုမို ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်မှာ ကန်ဒေါ်လာ ၇၁ သန်းကျော်နဲ့ သွင်းကုန်မှာ ဒေါ်လာ ၆၆ သန်းနီးပါး ဖြစ်ပါ တယ်။ ပင်လယ်ရေကြောင်းမှ ကုန် သွယ်မှုမှာ ပို့ကုန်ရော သွင်းကုန် ပါလျော့နည်းခဲ့ပြီး ကန်ဒေါ်လာ ၂၅၅ သန်းကျော်လျော့နည်းခဲ့ပါတယ်။

   အုပ်စုအလိုက် တင်ပို့နိုင်မှုကို နှိုင်းယှဉ်လျှင်ပို့ကုန်ပိုင်းမှာလယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ကုန်များ ယမန်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်သော်လည်း စက်မှုကုန်ချောအုပ်စု ပို့ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၃၂၆ သန်းကျော်လျော့နည်းခဲ့သဖြင့် စုစုပေါင်းပို့ကုန်တင်ပို့နိုင်မှုမှာ ကန်ဒေါ်လာ ၉၃ သန်းနီးပါးလျော့နည်းခဲ့ပါတယ်။

   မိမိတို့ရဲ့ အဓိကအားထားရတဲ့ ပို့ကုန်အုပ်စုမှ လယ်ယာထွက်ကုန်တင်ပို့မှု နှိုင်းယှဉ်လျှင် နှမ်း၊ ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲဖြူလေး၊ ပဲနီကြား၊ နိုင် လွန်ပဲ၊ မြေပဲဆံအပါ အဝင် အခြားပဲများ အပို့လျော့ခဲ့သော်လည်း ယမန်နှစ်ကာလတူထက် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ရော်ဘာစိမ်းနဲ့ ကျန်ပဲမျိုးစုံအပို့ ပိုမိုခဲ့ပါတယ်။

  သွင်းကုန်ပိုင်းကိုကြည့်ပါက ယမန်နှစ်ကာလတူထက် လူသုံးကုန်ပစ္စည်း အသွင်းပိုမိုခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း အသွင်းလျော့နည်းခဲ့တဲ့ အတွက် ကန်ဒေါ်လာ ၂၄ သန်းကျော်လျော့နည်းတင်သွင်းခဲ့ပါတယ်။

  ရင်းနှီးမြှုပ်နှံမှုပစ္စည်းများဖြစ်တဲ့ စက်နဲ့စက်ပစ္စည်းများ၊ သံနဲ့ သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲယာဉ်နဲ့ အခြားယာဉ်များ၊ အင်ဂျင်များ၊ မီးရထားနဲ့ မီးရထားပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒချည် ခင်များ၊ ဂျုံစေ့၊ သားရေနဲ့ သားရေတု၊ သတ္တုကုန်ကြမ်းပစ္စည်းများ လျော့နည်းတင်သွင်း ခဲ့တယ်လို့သိရပါတယ်။

MIRT