မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန် ၊ ကော့ သောင်းနယ်စပ်စခန်းနဲ့မြိတ်နယ်စပ်စခန်းများမှ ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၁၆၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၂၇၇၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁၁၈၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ-
မုံရွာမြို့နယ်မှာ သဘာဝသယံဇာတများ ပေါကြွယ်ဝသလို မိရိုးဖလာနည်း ပညာများနဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းများအဖြစ် တစ်နိုင်တစ်ပိုင်ထုတ်လုပ်ကြတဲ့ လက်မှုလုပ်ငန်းမျိုးစုံရှိရာ ခတက္ကန်မြောက်ရွာက ကျောက် ဆစ်လုပ်ငန်းလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ဖိုးခေါင်တောင် (ခေါ်) ဗောဓိတစ်ထောင် တောင်ကြော များရှိ သဘာဝမီးသင့် ကျောက်များကို ပိုင်းဖြတ်ပြီး ကျောက်ငရုတ်ဆုံနဲ့ ကျောက် ဘီး၊ ကျောက်ပျဉ်များ ပြုပြင်ထုတ် လုပ်တဲ့ ကျောက်ဆစ်လုပ်ငန်းကို ရှေးယခင်မှ ယနေ့ထိ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိတာ တွေ့ရပါတယ်။ အဆိုပါ ကျောက်ဆစ်လုပ်ငန်း ရေရှည်တည်တံ့ ဖို့အတွက် လိုအပ်တဲ့နည်းပညာများ၊ အရင်းအနှီးများနဲ့ ဈေးကွက်များ ပိုမိုကျယ်ပြန့်
သံမဏိတင်သွင်းမှုအပေါ် သွင်း ကုန်ခွန်များကို တစ်ပတ်အတွင်း တိုးမြှင့် ကောက်ခံရန် အိန္ဒိယနိုင်ငံ အကြီးစား စက်မှုလုပ်ငန်းများနဲ့ ပြည်သူပိုင်လုပ် ငန်းများဝန်ကြီးဌာန ဝန်ကြီး Anant Geete က ပြောကြား လိုက်ပါတယ်။ ထိုကဲ့သို့ တိုးမြှင့်စည်းကြပ်ရန် ဆုံးဖြတ်ရခြင်းမှာ ပြည်တွင်းထုတ်လုပ် သူများအား ပြည်ပနိုင်ငံများ ဥပမာ အားဖြင့် တရုတ်၊ ရုရှားတို့မှ တင်သွင်း ခြင်းကို ကာကွယ်ပေးရန် ဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ပြည်ပမှ သံမဏိအများအပြား တင်သွင်းခြင်းကို ဟန့်တားတဲ့အနေနဲ့ အစိုးရက သံပြားတင်သွင်းခြင်းအပေါ် ၇
ဇွန်လ ၂၀ ရက်မှ၂၆ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၂၇၅ သန်းတန်ဖိုးရှိ သကြားဖြူ ၄၅၈ တန်တင်ပို့ခဲ့ပါတယ်။
ဇွန်လတစ်လလုံးမှာ ကန်ဒေါ်လာ ၁ ဒသမ ၉၉၅ သန်းတန်ဖိုးရှိ သကြားဖြူ ၃၃၂၅ တန် ၊ ကန်ဒေါ်လာ သုည ဒသမ ၁၃၇ သန်းတန်ဖိုးရှိ သကြားညို ၂၃၆ တန်ခွဲ တင်ပို့နိုင်ခဲ့ပြီး သကြားတစ်ပိဿာ ပေါက်ဈေးကတော့ ၁၀၀၀ကျပ်နဲ့၁၁၀၀ကျပ်ကြား ရှိတယ်လို့ သိရှိရပါတယ်။
မြင့်မြင့်မာ
ဇွန်လစတုတ္ထပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၆၈ သန်းဖိုးရှိ ရော်ဘာ ၁၃၃၉ တန်ကျော်ကို မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန် ၊ ချင်းရွှေဟော်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ပါတယ်။ စခန်းတစ်ခုချင်းစီရဲ့ တင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၇၅၁ တန်ကျော်၊ RSS-5 ၃၂ တန်၊ MSR-20 ၁၆ တန်ကျော်နဲ့ MSR-50 ၉၇ တန်ဖြစ်ပါတယ်။ချင်းရွှေဟော် စခန်းမ RSS-3 ၂၀၂ တန်ကျော်၊MSR-20တန် ၁၉၀နဲ့ တာချီလိတ်စခန်းမှ Latex 60% DRC တန်၅၀ ဖြစ်ပါတယ်။ယခုတစ်ပတ်မှာ မူဆယ်ကုန်သွယ်ရေးဇုန်ရဲ့ ရော်ဘာဈေး ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ RSS-3 တစ်တန် ကို ယခင်တစ်ပတ်က ၁၅၅၉၃၁၇ ကျပ်ရှ
မြဝတီကုန်သွယ်ရေးဇုန်မှ ဇွန်လစတုတ္ထပတ်အတွင်ွှITC နဲ့777 kg ရှိ Cable Wireန ကျပ်သန်းပေါင်း ၄ ဒသမ ၀၉၅ ခန့်ကို တင်သွင်းခဲ့ပါတယ်။မြဝတီနယ်စပ် ITC နဲ့ သွင်းကုန်ပစ္စည်းများကို အဓိကတင်သွင်းခဲ့ပြီး စတင်ခွင့်ပြုချိန်မှ ယနေ့ထိ ပို့ကုန်တင်ပို့မှုမရှိတာ တွေ့ရပါတယ်။ နယ်စပ်စခန်း ၁၈ ခုရှိသည့်အနက် ှုွှဃ ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ စခန်း ၁၀ ခုရှိပြီးယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ မေလ ၂၂ ရက်အထိ မြဝတီ နယ်စပ်စခန်းမှ သွင်းကုန်တန်ဖိုး ကျပ်သန်းပေါင်း ၃၅ ဒသမ ၅၈၄ ခန့် ကုန်သွယ်နိုင်ခဲ့ပါတယ်။ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း လွယ်ဂျယ် နယ်စပ်မITC နဲ့ အများဆုံး ကုန်သွယ်နိုင်ခဲ့ပြီး မူဆယ်နယ်စပ်မှITC&nbs
ပြည်ပသို့ မြန်မာထွက်ကုန်များ တင်ပို့ရာမှာ အုပ်စု ခုနစ်ခုခွဲခြားတင်ပို့လျက်ရှိရာ လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္ထုတွင်းထွက် ၊ သစ်တောထွက်၊ စက်မှုကုန်ချောနဲ့ အခြားဟူ၍ခွဲခြားထားပါတယ်။ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှ စ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၆ ရက်ထိကာလအတွင်းမှာ ပို့ကုန် ကန်ဒေါ်လာ ၂၃၇၈ သန်း ကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ပို့ကုန် ကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်အုပ်စု ခုနစ်ခုအနက် အခြားအုပ်စု တင်ပို့မှုကလွဲပြီး ကျန်အုပ်စုများအားလုံးပိုမိုတင်ပို့ခဲ့ပါတယ်။ သစ်တောထွက် ကုန်တင်ပို့မှုမှာ က
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန် ၊ ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၅၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၅၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။စခန်းအလိုက် တင်ပို့မှုများမှာ -မြဝတီကုန်သွယ်ရေး ဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၀၈၅ သန်းတန်ဖိုး ရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ တန် ၄၀ ကျော်နဲ့ ကဏန်း ၁၄ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်း ပတ်နဲ့ နှိုင်းယှဉ်ပါက ငါးမျိုးစုံ တင်ပို့မှု လျော့နည်းခဲ့တာကြောင့် ၄၃ တန်
ဇွန်လ တတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၁၄၈ သန်း တန်ဖိုးရှိ ပြောင်း ၁၀၈၅၆ တန်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၈၀ သန်းဖိုးရှိ ပြောင်း တန်ချိန် ၂၀၀၀ နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်းဖိုးရှိ ပြောင်းတန် ၁၉၀ တို့ကို တင်ပို့ခဲ့ပါတယ်။
မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းများက ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်မှ ၁၉ ရက်တာကာ လအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၇၄၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၁၀၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၇၉ တန် ၊ မြဝတီကုန်သွယ်ရေးဇုန်မှ ၁၉ တန်နဲ့ ကော့သောင်း နယ်စပ်မှ ၃ တန်ကျော် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၁၆ တန်ကျော်သာ အပို့ရှိပြီး မြဝတီနဲ့ ကော့သောင်းနယ်စပ်များမှ မရှိဘူးလို့ သိရပါတယ်။
