admin_ygn

   မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းစခန်းများမှ ၂၀၁၅ ခုနှစ် ဧပြီလအတွင်း သီဟိုဠ်စေ့တန်ချိန် ၁၁၄ တန်ခန့်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသ မ ၈၆၅သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။

   မူဆယ်ကုန်သွယ်ရေးဇုန်က သီဟိုဠ်စေ့ ၉၅ တန်ခန့်ကို ကန်ဒေါ်လာ သုည ဒသမ ၇၂၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၁၀ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါ တယ်။

   မြဝတီကုန်သွယ်ရေးဇုန်က  တန်ချိန် ၃ တန်ကျော် ကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့်  နှိုင်းယှဉ်ပါကတန် တစ်ဝက်ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   ဖေဖော်ဝါရီလ ၈ရက်နေ့က ရှေ့ တန်းအမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲ ရေးမှူးနဲ့ သင်္ကန်းညီနောင်အခြေချစစ်ဗျူဟာမှူး ပူးပေါင်းတဲ့စစ်ဆင်ရေးအဖွဲ့ ဟာ တံတားကျိုးစစ်ဆေးရေးဂိတ်မှာ ယာဉ် ၆၄ စီး ကို တားဆီးပြီး အကောက်ခွန်မဲ့တရား မဝင်ပစ္စည်းများ ဖမ်းဆီး၍ အမှုတွဲဖွင့် လှစ်အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အရေး ယူဆောင်ရွက်ခဲ့တဲ့ အမှုတွဲများ အနက် ဖျက်ဆီးမှု အမှုတွဲ ရှစ်မှုဖြစ်ပြီး ဖျက်ဆီးခဲ့တဲ့ ပစ္စည်းများရဲ့တန်ဖိုးမှာ ၁၁၃ ဒသမ ၆၁၀ ကျပ်သန်းဖြစ်ပါတယ်။ ဖျက်ဆီးခဲ့တဲ့ ပစ္စည်းများမှာ ဘီယာ ၃၇၄၅ ဖာ(တန်ဖိုး ၃၀ ဒသမ ၇၂၆ ကျပ်  သန်း)၊ ဘဲဥ ၃၃၀ ကဒ်(တန်ဖိုး ၅ ဒသမ ၉၄၀ ကျပ်သန်း)၊ အရက်မျိုးစုံ ၂၂၅ ဖာ (၃

admin_ygn

  ကျိုင်းလပ်မြို့၊ ဝမ်ကျင်းရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်အနီး မဲခေါင် မြစ်ကမ်းရေဆိပ်၌ သစ်များသယ်ချသံကြားသဖြင့် ကျိုင်းလပ်ကုန်သွယ်ရေးတာဝန်ခံ လက်ထောက်ညွှန် ကြားရေးမှူးဦးစီးသောအဖွဲ့ သွားရောက်စစ်ဆေးရာမှာ သစ်မာခွဲသားအရွယ်စုံ ၆၇ ချောင်း ၃ တန်ခန့် စုပုံထားတာကိုတွေ့ရှိခဲ့ရပါတယ်။ သိမ်းဆည်းရမိသစ်များကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းပေးအပ်သွားမယ်လို့ သတင်းရရှိပါတယ်။

MIRT

admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖရဲသီး၊ သရက်သီး၊ သခွားမွှေး၊ စပျစ်သီး၊ အုန်း သီး၊ ရွှေဖရုံသီးတို့ကိုလည်းကောင်း၊ ချင်းရွှေဟော်စခန်း မှ ရွှေဖရုံသီးကိုလည်းကောင်း၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီး စခန်းမှ ဖရဲသီးကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်စခန်းမှ နာနတ်သီးနှင့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ရိဒ်စခန်းမှ ဖရဲသီးတို့ ကို ဧပြီလအတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၄၄၂ သန်းဖိုး   သစ်သီး တန်ချိန် စုစုပေါင်း ၁၀၁၅၈၀ တန်ခန့်ကို စခန်း အသီးသီးအလိုက် တင်ပို့နိုင် ခဲ့ပါတယ်။

admin_ygn

   ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ် ပဲလွန်းဖြူဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ် ဖြင့် ယခင်လကထက် ဈေးကောင်းရလာသော်လည်း အရောင်းအဝယ်ပါးနေခဲ့တယ်လို့သိရပါ တယ်။ ပဲလွန်းဖြူသီးနှံမှာ  ပဲခူးတိုင်းအနောက်ခြမ်းအတွင်း စိုက်ဧက ၂ သောင်းကျော်သာစိုက်ပျိုးပြီးထွက်ရှိလာတဲ့ ပဲများကိုလည်း ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်မှုများခဲ့ တာကိုတွေ့ရပါတယ်။ ဇန်နဝါရီလဆန်း ပဲသစ်ပေါ်စတွင် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့်ဈေးစဖွင့်ပြီး ပဲအထွက်လှိုင်လာသည့် ရာသီတွင်လည်း ပဲဈေးမှာ တဖြည်းဖြည်းမြင့် တက် လာခဲ့ကာ ယခု ပဲလက်ကျန်နည်းသွားသည့်အချိန်တွင်လည်း တစ်တင်း ၂၁၀၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ဝယ်လက်ကတော့ ဒေသအတွင်းရှိ လက်လီသမားများသာဖြစ် တယ်လို့သိရပ

admin_ygn

   မြန်မာ့ဆန်နဲ့  ဆန်ကွဲကိုနယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံများသို့တင်ပို့မှုများမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ အများဆုံးတင်ပို့ိပြီး ကန်ပိုက်တီးစခန်းမှလည်းတင်ပို့ မှုရှိပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ မတ်လ ၂၁ ရက်မှ ၂၇ ရက်တာကာလအတွင်း ဖရဲသီး ၁၂၀၂၆ တန်၊ လွယ်ဂျယ်မှ တန် ၃၄၀ နဲ့ကန်ပိုက်တီးမှ တန် ၆၀၀ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၄၇ သန်း ဖိုး၊ မူဆယ်မှ သခွားမွှေး ၁၁၇၂၅ တန်ကို တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၃၉၂ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်၊လွယ်ဂျယ်နဲ့ တမူးမှ ဖရဲသီး ၉၉၈၂ တန်၊ မူဆယ်မှ သခွားမွှေး ၅၉၃၀ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။သြင်္ကန် ကာလရောက်လျှင် ကားအသွားအလာတွေ ခက်ခဲ မှာဖြစ်တဲ့အတွက် ယခုလို ဖရဲ၊ သခွား၊ စပျစ်၊ဖရုံစတဲ့ မြန်မာပြည်ထွက် သစ်သီးဝလံမျိုးစုံကိုပိုမိုတင်ပို့ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လတစ်လလုံးမှာ စခန်းစုံ

admin_ygn

   မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိညောင်ခါးရှည်အခြေပြု Mobile Team (လရ-၂) အဖွဲ့သည် မတ်လ ၁၅ ၊ ၁၆ နဲ့ ၂၈ ရက်နေ့တို့တွင် မြဝတီမှ ရန်ကုန်သို့မောင်းနှင် လာသော မော်တော်ယာဉ်များအားစစ်ဆေးရာ တရားဝင်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ Mitsubishi Pajero io H77 W, Toyota Hiace (LH 120), Toyota Mark II အမျိုးအစား အဖြူရောင် Saloon ယာဉ် ၂ စီး၊ Honda CRV စုစုပေါင်း ယာဉ် ၅ စီးကိုစစ်ဆေးတွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဆိုပါလိုင်စင်မဲ့ယာဉ် ၅ စီးရဲ့ ခန့်မှန်းတန်ဖိုး မှာ ကျပ် ၆၃၅ သိန်းဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့အတူ အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အကောက်

admin_ygn

   မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးနဲ့ စားသုံးသူအကာအကွယ်ပေးရန်တာဝန်ထမ်းဆောင်နေသော လရ(၁)အဖွဲ့ဟာ မတ်လ ၂၁ ရက် ၁၀း၃၀ ချိန်မှာ Toyota Crown Majesta 3G/xxxx ရဲ့ခေါင်းပိုင်းအင်ဂျင်ခန်းနဲ့ နောက်ခန်းတို့မှာ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများ၊ ကျောက်ပြားအပိုင်းအစ များ၊ အဝိုင်းပြားများကို စစ်ဆေးတွေ့ရှိတားဆီးနိုင်ခဲ့ပါတယ်။ ပစ္စည်းများကိုအသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်းမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လအတွင်း ပင်လယ်ငါးရှဉ့် ၁၃ တန်နီးပါး တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်းနဲ့ ရေဘဝဲ ၅ တန် ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ ၃ ဒသမ ၄၀၃ သန်းတန်ဖိုးရှိ ကျန်ရေ ထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၄၀၀၉ တန်ကျော်၊ ကင်းမွန်  ၈၉ တန်ကျော်၊ ပုစွန် ၁၇ တန်ကျော်၊ ကဏန်း  ၁တန်နဲ့ ခရုအနည်းငယ် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။