အကောက်ခွန်မဲ့ တရားမဝင်ပစ္စည်းမျိုးစုံ ဖမ်းဆီးဖျက်ဆီး

   ဖေဖော်ဝါရီလ ၈ရက်နေ့က ရှေ့ တန်းအမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲ ရေးမှူးနဲ့ သင်္ကန်းညီနောင်အခြေချစစ်ဗျူဟာမှူး ပူးပေါင်းတဲ့စစ်ဆင်ရေးအဖွဲ့ ဟာ တံတားကျိုးစစ်ဆေးရေးဂိတ်မှာ ယာဉ် ၆၄ စီး ကို တားဆီးပြီး အကောက်ခွန်မဲ့တရား မဝင်ပစ္စည်းများ ဖမ်းဆီး၍ အမှုတွဲဖွင့် လှစ်အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အရေး ယူဆောင်ရွက်ခဲ့တဲ့ အမှုတွဲများ အနက် ဖျက်ဆီးမှု အမှုတွဲ ရှစ်မှုဖြစ်ပြီး ဖျက်ဆီးခဲ့တဲ့ ပစ္စည်းများရဲ့တန်ဖိုးမှာ ၁၁၃ ဒသမ ၆၁၀ ကျပ်သန်းဖြစ်ပါတယ်။ ဖျက်ဆီးခဲ့တဲ့ ပစ္စည်းများမှာ ဘီယာ ၃၇၄၅ ဖာ(တန်ဖိုး ၃၀ ဒသမ ၇၂၆ ကျပ်  သန်း)၊ ဘဲဥ ၃၃၀ ကဒ်(တန်ဖိုး ၅ ဒသမ ၉၄၀ ကျပ်သန်း)၊ အရက်မျိုးစုံ ၂၂၅ ဖာ (၃၆ ဒသမ ၄၄၄ ကျပ်သန်း)၊ ကွမ်းစား  ဆေး ၁၅၀ ဖာ (တန်ဖိုး ၄၀ ဒသမ ၅ ကျပ်သန်း)တို့ဖြစ်ပါတယ်။

   ပုပ်သိုးပျက်စီးလွယ်ပစ္စည်းဖြစ်တဲ့ ဘဲဥမှာ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ဧပြီလ ၁၁ ရက်နေ့မှာ လည်းကောင်း၊ အကောက်ခွန်မဲ့ပစ္စည်းများဖြစ်တဲ့ အရက်၊ ဘီယာ၊ ကွမ်းစား ဆေးများ တန်ဖိုး ၁၀၇ ဒသမ ၆၇၀ ကျပ် သန်းဖိုးအား မေလ ၆ ရက်နေ့မှာလည်း ကောင်း မြဝတီကုန်သွယ်ရေးဇုန်မှာ ဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။ရှေ့တန်းအမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းများ အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ကသရ (မဝတ)