၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နယ်စခန်းများမှ ဆန်တန်ချိန်တစ်သန်းကျော်တင်ပို့

   မြန်မာ့ဆန်နဲ့  ဆန်ကွဲကိုနယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံများသို့တင်ပို့မှုများမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ အများဆုံးတင်ပို့ိပြီး ကန်ပိုက်တီးစခန်းမှလည်းတင်ပို့ မှုရှိပါတယ်။

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းများမှလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်စခန်းမှလည်းကောင်း ဆန်တင်ပို့ခဲ့ပါတယ်။ ဘဏ္ဍာနှစ် တစ်နှစ်လုံးအနေနဲ့ မြန်မာ့ဆန်တင်ပို့မှုမှာ အဆိုပါစခန်းများမှ ကန်ဒေါ်လာ ၄၁၆ ဒသမ ၃၇ သန်းဖိုးရှိတဲ့ ဆန်တန်ချိန် ၁၁၂၆၉၇၄ တန်ကျော်တင်ပို့ခဲ့ကြောင်း စာရင်းများအရသိရှိ ရပါတယ်။ ဆန်ကွဲတင်ပို့မှုမှာလည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကန်ဒေါ်လာ ၇၇ ဒသ မ ၃၅၇ သန်းဖိုးရှိ ဆန်ကွဲတန်ချိန် ၂၃၅၄၈၂ တန်ကျော်တင်ပို့ထားခဲ့ပါတယ်။

ယဉ်ယဉ်အေး - MIRT