အထောက်အထားမပြသနိုင်တဲ့ လိုင်စင်မဲ့ယာဉ်ငါးစီးကို လရ (၂) အဖွဲ့မှသိမ်းဆည်း

   မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိညောင်ခါးရှည်အခြေပြု Mobile Team (လရ-၂) အဖွဲ့သည် မတ်လ ၁၅ ၊ ၁၆ နဲ့ ၂၈ ရက်နေ့တို့တွင် မြဝတီမှ ရန်ကုန်သို့မောင်းနှင် လာသော မော်တော်ယာဉ်များအားစစ်ဆေးရာ တရားဝင်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ Mitsubishi Pajero io H77 W, Toyota Hiace (LH 120), Toyota Mark II အမျိုးအစား အဖြူရောင် Saloon ယာဉ် ၂ စီး၊ Honda CRV စုစုပေါင်း ယာဉ် ၅ စီးကိုစစ်ဆေးတွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဆိုပါလိုင်စင်မဲ့ယာဉ် ၅ စီးရဲ့ ခန့်မှန်းတန်ဖိုး မှာ ကျပ် ၆၃၅ သိန်းဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့အတူ အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အကောက်ခွန်မဲ့ တရားမဝင်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် အကောက်ခွန်အမှုတွဲဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

DCCA