ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုပမာဏပိုမိုဆောင်ရွက်

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်းကုန်သွယ်ရေးစခန်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၄ ဒသမ ၅၉၈ သန်း၊ သွင်းကုန်ကန်ဒေါ်လာ  ၉ ဒသမ၉၅၅သန်း၊ ကုန် သွယ် မှုပမဏ ကန်ဒေါ်လာ  ၁၄ ဒသမ ၅၃၃ သန်းဆောင်ရွက်နိုင် သဖြင့် အနီးစပ်ဆုံးကာလထက် ပို့ကုန် ကန်ဒေါ်လာ  သုည ဒသမ ၀၉၇ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၁ ဒသမ ၂၆၂ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၁ ဒသမ ၃၅၉  သန်းပိုမိုခဲ့ပြီး ယမန် နှစ်ကာလတူထက် ပို့ကုန်ကန်ဒေါ်လာ  သုည ဒသမ၉၂၀ သန်း၊ သွင်းကုန်ကန် ဒေါ်လာ ၂ ဒသမ ၇၃၁ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၃ ဒသမ ၆၅၁ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ကော့သောင်း ကုန်သွယ်ရေးစခန်းရဲ့ ဒီဇင်ဘာလကုန်သွယ်မှုပမာဏဟာ အနီးစပ်ဆုံးကာလထက်ေ ရာ ယမန်နှစ်ကာလတူထက်ပါ ပိုမို ရခြင်းမှာ ပို့ကုန်ပိုင်းတွင် ရေထွက်ပစ္စည်း ပိုမို တင်ပို့နိုင်၍ဖြစ်ပြီး သွင်း ကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းနဲ့ လူသုံးပစ္စည်းများပိုမိုတင်သွင်းနိုင်ခဲ့၍ဖြစ်ပါ တယ်။ကော့သောင်း ကုန်သွယ်ရေး စခန်းမှ ဒီဇင်ဘာလအတွင်း အများဆုံး တင်ပို့တဲ့ ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ကင်းမွန်၊ အခြားရေထွက်ပစ္စည်း၊ ပုစွန်၊ ရော်ဘာ၊ သစ်ခွဲသား၊ပင်လယ် ငါးရှဉ့် ၊ ဆီအုန်း ကြိတ်ဖတ်၊ ရေဘဝဲနဲ့ ကဏန်း တို့ဖြစ်ပြီး အများဆုံး တင်သွင်းတဲ့ ကုန် ပစ္စည်းများမှာ ဘိလပ်မြေ၊ အားဖြည့် အချိုရည်၊ သကြား၊ ဆာလ်ဖာ၊ ဒီဇယ်ဆီ၊ ဓာတ် မြေသြဇာ၊ ငါးဖမ်းပိုက်နဲ့ ရေချိုးဆပ်ပြာရည်တို့ ဖြစ်ပါတယ်။            
ခင်မြနွယ်