ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းက ရေထွက်ကုန်ပိုမိုတင်ပို့နိုင်

     မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန် ၊ ကော့သောင်းကုန်သွယ်စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ကန်ဒေါ် လာ ၂ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၃၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၆၄၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှု များမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ကဏန်း ၂၈ တန်ခန့် ၊ ငါးမျိုးစုံ ၄၅ တန်ကျော် ၊ ပုစွန် ၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ် နဲ့နှိုင်းယှဉ်ပါက ၁၀ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
     ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၄၁ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၀၂ တန်ကျော်၊ ငါးလေးခြောက် ၁၃ တန်ကျော်၊ ပုစွန် ၂ တန်ခန့်၊ ကင်းမွန် ၃ တန်၊ကဏန်း ၁ တန်ကျော် ၊ ပင်လယ်ငါးရှဉ့် ၁ တန်ကျော်နဲ့ ရေဘဝဲအနည်းငယ်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန်၃၄၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၆၅၆ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၈၀ တန်ကျော်၊ ငါးမှုန့်တန် ၃၀၀၊ ပုစွန် တန်၂၀ကျော်၊ ကင်းမွန် ၁ တန်ကျော် ၊ သဲကဏန်း ၁တန် ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၃၁၀ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

 

ခင်မြနွယ်