ရွှေဘိုခရိုင်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးသုံးဆေး ဈေးနှုန်းများ

Thu, 10/05/2023 - 08:18 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ခရိုင်တစ်ခုဖြစ်ရာ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအသုံးပြုရသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများကို စိုက်ပျိုးတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။ ရွှေဘိုမြို့၌ ရောင်းချ လျက်ရှိသော ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ စက်တင်ဘာလ၊ တတိယပတ်တွင် အာမို၊ ကျွဲနက် တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၅၆,၀၀ဝိ/-)ကျပ်၊ MC တံဆိပ်(၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင်(၁၄၀,၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင်(၇၀,၀၀ဝိ/) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင်(၈၃,၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၈၀,၀၀ဝိ/-) ကျပ် ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) တစ်လီတာ တစ်ဘူးလျှင် (၁၅,၅၀ဝိ/-)ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) ၅၀၀ စီစီ  တစ်ဘူးလျှင် (၁၂,၅၀ဝိ/-) ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) ၂၅၀ စီစီ တစ်ဘူးလျှင် (၂၈,၅၀ဝိ/-) ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် တစ်လီတာ တစ်ဗူးလျှင် (၂၉,၅၀ဝိ/-) ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် ၅၀၀ ဂရမ် တစ်ဘူးလျှင် (၉,၀၀ဝိ/-) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

DOCA (စစ်ကိုင်း)

Local Trade News

Pages