ရွှေဘိုဈေးကွက်၌ ပဲတီစိမ်းများ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်

Thu, 05/09/2024 - 03:50 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ မေလ၊ ပထမပတ်မှ စတင်၍ ပဲတီစိမ်း များ ဝင်ရောက်လျက်ရှိပြီး မေလ၊ ပထမပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ၅၃,၅၀ဝ ကျပ် ပေါက် ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ ၁၅၀ တင်း၊ တန် အားဖြင့် ၅ တန်ခန့်ရှိကြောင်း၊ ယခင်နှစ်ကာလတူ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခင်နှစ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ၆၆,၆၀ဝ ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ၁၃,၁၀ဝ ကျပ် ဈေးလျော့နည်းခဲ့ကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages