တောင်တွင်းကြီးမြို့နယ်၌ငရုတ်စိုက်ပျိုးခြင်းဖြင့်တောင်သူများအကျိုးအမြတ်ရရှိ

Thu, 09/05/2024 - 05:09 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပျားတု(ရွာမ)၊ ပျားတု (ရှေ့)၊ ပျားတု(နောက်) စသည့်ကျေးရွာများ၌ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကြက်သွန်နီ၊ နှမ်း၊ စပါးနှင့် ပဲမျိုးစုံသီးနှံများကို အဓိကစိုက်ပျိုးကြပြီး စားဖိုဆောင်သုံးသီးနှံ တစ်မျိုး ဖြစ်သည့် ငရုတ်သီးနှံကို စိုက်ဧက ၁၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   ငရုတ်သီးနှံကို မေလတွင်ပျိုးထောင်၍ ဇွန်လတွင် မြေချစိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သာမို-၉၀၀ ငရုတ်မျိုးနှင့် သာမို-၉၉၉ ငရုတ်မျိုးများကို စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးရာတွင် ငရုတ်မျိုးစေ့များကို ပျိုးအိတ်ဖြင့် ပျိုးထောင်ကာ ပျိုးပင်တစ်လသားခန့် အရွယ်တွင် မြေချ၍မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁,၇၀၀,၀၀၀ ခန့်ကုန်ကျပြီး ပိဿာ ၈၀၀-၁၀၀၀ ခန့်ထွက်ရှိကြောင်း၊ စက်တင်ဘာလ၊ ပထမပတ် ဈေးနှုန်းအနေဖြင့် ငရုတ်သီးစိမ်း လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၄,၀၀၀-၄,၅၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁,၅၀၀,၀၀၀ ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့နှင့် မကွေးမြို့တို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ငရုတ်သီးနှံအထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages