မအူပင်ခရိုင်၌ ငရုတ်သီးနှံ ဈေးနှုန်းဈေးကွက်တည်ငြိမ်

Thu, 04/25/2024 - 06:22 -- mocadmin

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးများကို အဓိကထား လုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ငရုတ်သီးနှံကို ၄၀,၅၅၇ ဧကစိုက်ပျိုးခဲ့ပြီး စုစုပေါင်း ၁၆၀၀၁၇၆၄.၃၅ ပိဿာခန့်ထွက်ရှိခဲ့ကြောင်း၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူစသည့် မြို့နယ်များတွင် ငရုတ်သီးနှံများ တစ်ပြိုင်နက်လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် ယခင်နှစ်က ငရုတ်ပွဲရုံများတွင် ငရုတ်သီးအမှည့်အစိုများကို အအေးခန်းကားများဖြင့် စနစ်တကျထုပ်ပိုး၍ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ငရုတ်အမှည့် အစိုများကို ပြည်ပဈေးကွက် သို့တင်ပို့ရောင်းချရန် ဈေးကွက်ရရှိမှု နည်းပါးလာသောကြောင့် ပြည်တွင်းဈေးကွက်တွင် ငရုတ်အမှည့်ခြောက်များ ပိုလျှံမှုများဖြစ်လျက်ရှိရာ ငရုတ်သီးဈေးနှုန်း ဈေးကွက်တည်ငြိမ်လျက်ရှိကြောင်း ငရုတ်ပွဲရုံများထံမှ သိရသည်။ ငရုတ်သီးနှံမှာ ပြည်ပဝယ်လိုအား နည်းပါးပြီး ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချရသည့်အတွက် တောင်သူများအနေဖြင့် သင့်တင့်မျှတသော အကျိုးအမြတ်များရရှိကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

Local Trade News

Pages