ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးကွက်အခြေအနေ

Thu, 06/27/2024 - 04:18 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ကွမ်းများကိုလည်း ယာကွက်များတွင်လည်းကောင်း၊ နေအိမ်ခြံဝင်းများတွင်လည်းကောင်း စိုက်ပျိုး ကြကြောင်း သိရသည်။

   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေးအပေါ် မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ကွမ်းဝင်ရောက်မှုအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages