နတ်တလင်းမြို့နယ်၌ ပန်းတိမ်ငို (ခေါ်) ပန်းတိမ်မနိုင်ပန်းများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Thu, 06/27/2024 - 04:33 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အနောက်စုကျေးရွာ၊ မှန်တန်းကြီးကျေးရွာ၊ ဘိုးသာအောင်ကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ရှားဖြူကုန်းကျေးရွာနှင့် ကြွက်နွယ်တောကျေးရွာများ၌ ပန်းတိမ်ငိုပန်း (ခေါ်) ပန်းတိမ်မနိုင်ပန်းများကို စီးပွားဖြစ်အနေဖြင့် လည်းကောင်း၊ အခြားကျေးရွာများတွင် တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း ရေသွင်း၍ စိုက်ပျိုး ကြကြောင်း သိရသည်။

   ဇွန်လတတိယပတ်မှ စတင်၍ ပန်းတိမ်ငိုပန်း (ခေါ်) ပန်းတိမ်မနိုင်ပန်းများ စတင်ထွက်ပေါ် လျက်ရှိရာ ပန်းကုန်သည်များမှ ခြံများသို့ လာရောက်ဝယ်ယူကြကြောင်း၊ ပန်းတိမ်ငိုပန်း (ခေါ်) ပန်းတိမ်မနိုင်ပန်းများ စတင်ထွက်ပေါ်ချိန်တွင် ‌ဒေသတွင်းမြို့နယ်များသို့သာ ရောင်းချနိုင်ပြီး ပန်း များ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ရန်ကုန်၊ ပြည်၊ မကွေးနှင့် သုံးဆယ်မြို့တို့သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

Local Trade News

Pages