ကန့်ဘလူမြို့နယ်ထွက် မတ်ပဲသီးနှံများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်

Thu, 07/11/2024 - 06:28 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါး၊ ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ မတ်ပဲသီးနှံများကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ လက်ရှိအချိန်တွင် မတ်ပဲသီးနှံများ ဈေးကွက်အတွင်းသို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင်လ၊ ပထမ ပတ်အတွင်း၌ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ် ၉၀,၀၀၀ ဖြင့်လည်းကောင်း၊ မတ်ပဲရိုးရိုး တစ်တင်း လျှင် ကျပ် ၉၇,၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော မတ်ပဲများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ယခုနှစ်တွင် မတ်ပဲဈေးနှုန်းသည် ယခင်နှစ်ထက် ပိုမိုကောင်းမွန်၍  အရောင်းအဝယ်ဖြစ် လျက်ရှိသောကြောင့် မတ်ပဲစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages