ပခုက္ကူဈေးကွက်သို့ မြေပဲသီးနှံများ လှိုင်လှိုင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်

Tue, 07/23/2024 - 03:38 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆောမြို့နယ်၊ ယောမြို့နယ်နှင့် မြိုင်မြို့နယ် စသည့်မြို့နယ်များအတွင်းရှိ ကျေးရွာများမှ မြေပဲတောင့်နှင့် မြေပဲဆံများ လှိုင်လှိုင် ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ဝင်ရောက်မှု အနေဖြင့် ဆောမြို့နယ်မှ မြေပဲ တောင့် အဆံနီမျိုးနှင့် အဆံဖြူမျိုးများ တစ်ရက်လျှင် ပိဿာချိန် ၁ သောင်းကျော်ဖြင့် တစ်ပတ်လျှင် ပိဿာချိန် ၉ သောင်းခန့်၊ ယောမြို့နယ်နှင့် မြိုင်မြို့နယ်မှ မြေပဲဆံ များ တစ်ရက်လျှင် ပိဿာ ၃၀ ဝင် အိတ်ရေ ၁၅၀-၂၀၀ ခန့် ဝင်ရောက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ဇူလိုင်လ၊ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများ အနေဖြင့် မြေပဲလုံးဆံ (အနီ) တစ်ပိဿာလျှင် ငွေကျပ် ၇,၇၀၀ - ၇,၈၀၀ ဖြင့်လည်းကောင်း၊ ရိုးရိုးလုံးဆံ (အနီ) တစ်ပိဿာလျှင် ငွေကျပ် ၇,၃၀၀ - ၇,၅၀၀ ဖြင့်လည်းကောင်း၊ ဆီဆံ(အနီ) တစ်ပိဿာလျှင် ငွေကျပ် ၇,၀၀၀ ဖြင့် လည်းကောင်း၊ မြေပဲလုံးဆံ (အဖြူ) တစ်ပိဿာလျှင် ငွေကျပ် ၇,၈၀၀-၇,၉၀၀ ဖြင့်လည်းကောင်း၊ ဆီဆံ (အဖြူ) တစ်ပိဿာလျှင် ငွေကျပ် ၇,၀၀၀ ဖြင့်လည်းကောင်း ဝင်ရောက်သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲတောင့်များကို မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှ ဝယ်ယူ သိုလှောင်ထားရှိပြီး မြေပဲဆံများကို ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော် လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages