မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းအခြေအနေ

Thu, 05/09/2024 - 04:10 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကိုမိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဧပြီလ၊ စတုတ္ထပတ်တွင် ငွေကျပ် ၅,၀၀၀-၆,၀၀၀ ဖြင့်လည်းကောင်း၊ မေလ၊ ပထမပတ်တွင် ငွေကျပ် ၉,၀၀၀-၁၁,၀၀၀ ဖြင့်လည်းကောင်း ရောင်းချလျက်ရှိပြီး၊ နွေရာသီတွင် ကွမ်းအထွက်နှုန်းတိုးလျက်ရှိသော်လည်း ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဈေးကောင်းရရှိလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages