ပခုက္ကူခရိုင်တွင် စံမညီ မြေပဲဆီများ ရှိ/မရှိကို ကွင်းဆင်းလေ့လာဆောင်ရွက်

Thu, 02/11/2016 - 05:39 -- admin_ygn

ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နဲ့ လမ်းညွှန်ချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်ထုတ် ကြေးမုံသတင်းစာနှင့် ၁၄ ရက်ထုတ်မြန်မာ့အလင်းသတင်းစာများတွင်ကြေ ညာ ခဲ့သည့်စံမညီမြေပဲဆီ ၁၈ မျိုးနှင့်ပတ်သက်ပြီး လိုအပ်သလို ထိရောက်စွာအရေးယူနိုင်ရန်၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအရ လည်း အရေးယူဆောင်ရွက်နိုင်ရန်နှင့် အစားအသောက်နဲ့  ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာန(FDA)နှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲသို့ အကြောင်းကြားထားကြောင်းသိရှိရပါတယ်။သို့ဖြစ်ပါ၍အဆိုပါသတင်းစာများတွင်အသိပညာပေးကြေညာချက်ပါမြေ  ပဲဆီအမည်ခံစားအုန်းဆီနှင့် ဆီအရောအမှတ်တံဆိပ် ၁၈ မျိုး ရှိ/မရှိကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူးဦးသန်းဦး ကဦးဆောင်၍ဝန်ထမ်း အဖွဲ့ဝင်များလိုက်ပါပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနဲ့အတူဆက်စပ်၍ စားသုံးသူများအတွက်ထိခိုက်နစ်နာမှုမရှိစေရန်၊ ဘေးရောဂါအန္တရာယ်ကင်းရှင်းစေရန်၊ ကျန်းမာသန်စွမ်းပြီး စားသုံးရာ တွင်လည်းထုတ်ကုန်များကို လုံခြုံစိတ်ချမှုများရရှိ စေရန် ရည်ရွယ်၍ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ရေစကြို၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုမြို့နယ်များရှိ မြို့မဈေးများ၊ ကုန်စုံအရောင်းဆိုင်ကြီးများ၊ အရောင်းကုန်တိုက်ကြီးများတွင် စံမညီ မြေပဲဆီများ ရှိ^မရှိကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် စံမညီမြေပဲဆီအမည်င်္ခ စားအုန်းဆီနှင့်ဆီအရောအမှတ်တံ ဆိပ်၁၈မျိုးကိုလည်း မတွေ့ရှိရကြောင်းနှင့်စံမညီမြေပဲဆီ၁၈မျိုးကိုလူအများမြင်သာသောဈေးအတွင်းရှိ ဈေးကွပ်ကဲရေးရုံးများတွင်ကြော်ငြာသင်ပုန်းများတွင်ကပ်၍သတိပေးခဲ့ကြောင်းသတင်းများရရှိပါတယ်။်                         

ပပရွှေ(ပခုက္ကူ)

Local Trade News

Pages