ကျောက်ဆည်ခရိုင်၌ မိုးချည်မျှင်ရှည်ဝါ စိုက်ပျိုးထားမှုနှင့် ဈေးကွက်အခြေအနေ

Tue, 06/04/2024 - 04:43 -- mocadmin

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင် လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ မိုးချည်မျှင်ရှည်ဝါများ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ကျောက်ဆည်မြို့နယ်၌ ၈၅ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၁၉၀ ဧက၊ မြစ်သားမြို့နယ်၌ ၂၇၃၀ ဧက၊ စုစုပေါင်း ၃၀၀၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ သိရ သည်။

မိုးချည်မျှင်ရှည်ဝါကို မြစ်သားမြို့နယ်အတွင်းရှိ ဒိုင်းကျေးရွာ၊ မြနဒီနှင့် လွန်ကျော် ကျေးရွာ များ၌ အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးချည်မျှင်ရှည်ဝါ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၃၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခုနှစ် မိုးချည်မျှင်ရှည်ဝါများ ထွက်ပေါ်ချိန်တွင်လည်း အရည်အသွေး ကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဟု ခန့်မှန်းထားရှိကြောင်း၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများတွင် ယခင်နှစ်ကတစ်ဧကလျှင် ၇၀၀-၈၀၀ ပိဿာအထိထွက်ရှိပြီး ဈေးကွက်၌ လက်ရှိအချိန်တွင် ယခင်နှစ်က ချည်မျှင်ရှည်ဝါများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages