ဥယျာဉ်ဇင်ကျေးရွာ၌ ခရမ်းချဉ်သီးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Tue, 06/04/2024 - 04:47 -- mocadmin

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားဖြစ် အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဥယျာဉ်ဇင်ကျေးရွာ၌ ခရမ်းချဉ်သီး စိုက်ဧက ၇ ဧကကျော် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် ခရမ်းချဉ်သီးကို တိုင်ထောင်စနစ်ဖြင့် မြေအောက်ရေကို အသုံးပြုကာ စိုက်ပျိုးခြင်းဖြစ်ပြီး ဇန်နဝါရီလ နှင့်ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးပြီး ၂ လခွဲအကြာတွင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးထုပ် ၈ ထုပ်ခန့်ကုန်ကျ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ ရေသွင်းခ၊ လုပ်အားခနှင့် အခြားသွင်း အားစုအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅ သိန်းကျော် ကုန်ကျပြီး တစ်ဧကလျှင် ခရမ်းချဉ်သီးပိဿာချိန် ၇၀၀ ခန့်ထွက်ရှိကြောင်း၊ ဥယျာဉ်ဇင်ကျေးရွာမှ ထွက်ရှိသည့် ခရမ်းချဉ်သီး များကို မင်းဘူးမြို့သို့ တင်ပို့ရောင်းချပြီး၊ ခရမ်းချဉ်သီးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အကျိုး အမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages